ဇွန်လ ၁၅ ရက်၊ ကွတ်ခိုင်
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ကွတ်ကျေးရွာအနီးမှာ မနေ့က ကချင်တပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မူဆယ်ကနေ ဆင်းလာရာကနေ KIA တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က နေ့လယ်ထမင်းစားပြီး ၁၂ နာရီကျော် သေနတ်သံတွေ ကြားရတယ်။ (၁၅)မိနစ်လောက်ပဲ ပစ်ခတ်ကြတယ်။ စစ်ကောင်စီဘက်က သေတဲ့သူတွေ ရှိတယ်လို့ ကြားရတယ်။ ဘယ်လောက်ရှိမှန်းတော့ မသိဘူး”
တိုက်ပွဲကြောင့် ကျေးရွာခံတွေ ထွက်ပြေးတိမ်းရှောင်ရတာ မရှိသလို ထိခိုက်မှုလည်း မရှိဘူးလို့ ၎င်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်မှာလည်း မူဆယ်မြို့နယ် (၁၀၅)မိုင်မှာ KIA နဲ့ စစ်ကောင်စီတပ်တို့ ၂ ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
Shwe Phee Myay News Agency
နမ့်ကွတ်ရွာအနီးမှာ KIA နဲ့ စစ်ကောင်စီတပ် တိုက်ပွဲဖြစ်
Reviewed by THITHTOOLWIN
on
22:42
Rating:
No comments:
Post a Comment