အင်းတော်နယ်မှာ KIA နှင့် PDF ပေါင်းပြီး စစ်အုပ်စု ကားတန်းကို နှစ်ကြိမ် မိုင်းဆွဲ၊ ကားနှစ်စီး ပက်လက်လန်၊ တစ်စီး လမ်းဘေးထိုးကျပြီး စစ်အုပ်စု အသေအပျောက် များနိုင်ဟုဆို


ဇွန် - ၁၅

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေ ပူးပေါင်းပြီး ကားအစီးရေ (၃၀)ကျော်ပါ စစ်အုပ်စု ယာဉ်တန်းကို ဒီကနေ့ မနက်ပိုင်း နှစ်ကြိမ် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇွန်(၁၅)ရက် မနက်ပိုင်းမှာ ကချင်ပြည်နယ် မိုးညှင်းမြို့ အမြှောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ကနေ မန္တဘေးဘက် ဆင်းလာတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ ကား(၃၃)စီးပါ ယာဉ်တန်းကို KIA နှင့် ကသာခရိုင် တပ်ရင်း(၂) အင်းတော် ဒေသ ကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး အင်းတော်မြို့နယ် မော်လူးနှင့် နဘားကြားမှာ တစ်ကြိမ်၊ အင်းတော်နှင့် ကျောင်းကုန်းရွာကြားမှာ တစ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မော်လူးနှင့်နဘားကြားတွင် နံနက်(၂)အချိန်တွင် မိုင်း ငါးလုံးဖြင့် တိုက်ခိုက်ခဲ့ရာ စခကားတစ်စီး လမ်းဘေးသို့ ထိုးကျခဲ့ပြီး အသေအပျောက် စာရင်း ယခုချိန်ထိ မသိရသေးပါ။ ထို့နောက် အင်းတော်နဲ့ ကျောင်းကုန်းရွာကြားတွင်လည်း နံနက်(၇)နာရီခွဲအချိန်တွင် မိုင်း(၁၀)လုံးနှင့်အထက် ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စခအင်အား (၃၀)ကျော်ပါသည့် စခကားနှစ်စီး ပက်လက်လန် သွားသည့်အတွက် အသေအပျောက် များနိုင်ကြောင်း သိရပါသည်။ မျက်မြင်ပြည်သူများ၏ ပြောကြားချက်အရ အလောင်းတွေနှင့် ဒဏ်ရာရ ခွေးတွေကို ကားပေါ်သို့ ဆွဲတင်သွားကြောင်း သိရပါတယ်။ စခများမှ အချိန်အတော်ကြာအောင် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်များမှ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR က ဖော်ပြပါတယ်။

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်က အင်းတော်နယ်မှာ ယခုရက်ပိုင်း အကြမ်းဖက် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေကြား မကြာခဏ ထိတွေ့မှုတွေ ဖြစ်ပွားနေပြီး ဇွန်(၁၄)ရက် မနေ့က မနက်ပိုင်းကလည်း အင်းတော်မြို့နယ် အလယ်ဆိတ်ရွာဘက်ကို သုံးဖွဲ့ခွဲပြီး ဝင်မွှေသောင်းကျန်းတဲ့ အင်အား (၉၀)ခန့်ပါ အကြမ်းဖက် စစ်အုပ်စု အင်းတော် PDF တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ စကစ ကပိုးဦး သေတယ်လို့ အင်းတော် တော်လှန်ရေးအဖွဲ့ - IR က ထုတ်ပြန်ပါတယ်။

အဲ့ဒီ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖက် စစ်အုပ်စုက သတင်းဖြန့်ရာမှာတော့ ဇွန်(၁၄)ရက် မနက်ပိုင်းက အင်းတော်မြို့နယ် နန့်သဲကျေးရွာအနီး PDF တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာမှာ စကစတွေ အသေအပျောက် မရှိဘဲ အင်းတော် PDF ရဲ့ စခန်းနှင့်အတူ သေနတ်အလက် (၃၀)ကျော်နှင့် လက်နက်ခဲယမ်းတွေ သိမ်းပိုက် ရရှိတယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ အင်းတော်နယ် အပါအဝင် ကချင်နှင့် စစ်ကိုင်းအစပ်က ကသာနယ်ထဲ အင်အားဖြည့်ကာ ရွာစဉ်ပတ်မွှေ သောင်းကျန်းနေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

အင်းတော်နယ်မှာ KIA နှင့် PDF ပေါင်းပြီး စစ်အုပ်စု ကားတန်းကို နှစ်ကြိမ် မိုင်းဆွဲ၊ ကားနှစ်စီး ပက်လက်လန်၊ တစ်စီး လမ်းဘေးထိုးကျပြီး စစ်အုပ်စု အသေအပျောက် များနိုင်ဟုဆို အင်းတော်နယ်မှာ KIA နှင့် PDF ပေါင်းပြီး စစ်အုပ်စု ကားတန်းကို နှစ်ကြိမ် မိုင်းဆွဲ၊  ကားနှစ်စီး ပက်လက်လန်၊ တစ်စီး လမ်းဘေးထိုးကျပြီး စစ်အုပ်စု အသေအပျောက် များနိုင်ဟုဆို Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.