စစ်ကောင်စီ ယာဥ်တန်းကို KA နှင့်KNDF တို တိုက်ခိုက်ရာ ၄ စီး ပျက်စီးပြီး စစ်တပ်ဖက်၅ ဦး သေဆုံး


ဇွန် ၄ရက်

ကရင်နီ ပြည် ဘောလဲမြို့မှ ဖရူဆိုမြို့ဘက်သို့ ဦးတည် မောင်းနှင်လာသည့်စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၄၀ စီးပါ ထောက်ပို့ယာဥ်တန်းကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် (KNDF) တို့က နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာကြား၌ မေလ ၃၀ ရက် မှ ဇွန်လ ၂ ရက်အထိ ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ မော်တော်ယာဥ် ၃ စီး မီးလောင်ပျက်စီးခဲ့ပြီး ဇွန်လ ၂ ရက် တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်မှ မော်တော်ယာဥ် ၂ စီး၊ လက်နက်ငယ် ၄ လက်၊ Anti-Drone Jammer ၁ လက်၊ လက်နက်ကြီး လက်နက်ငယ် ကျည်အချို့နှင့် မြေမြှုပ်မိုင်းများ သိမ်းဆည်းရမိခဲ့သည်ဟု KNDF က ယမန်နေ့တွင် ထုတ်ပြန်သည်။

ဆက်လက်ပြီ  ထားလဲကျေးရွာအနီးသို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီယာဥ်တန်းကို ဇွန်လ ၁ ရက်တွင် ကြားဖြတ်တိုက်ခိုက်ခံရာ ၅ ဦး သေဆုံး၍ အများအပြားဒဏ်ရာ ရရှိခဲ့ပြီး မေလ ၃၀ ရက်မှ ၃၁ ရက်ထိ တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်မှ ကားတစ်စီး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 


SHAN News (Burmese Version) 

စစ်ကောင်စီ ယာဥ်တန်းကို KA နှင့်KNDF တို တိုက်ခိုက်ရာ ၄ စီး ပျက်စီးပြီး စစ်တပ်ဖက်၅ ဦး သေဆုံး စစ်ကောင်စီ ယာဥ်တန်းကို KA နှင့်KNDF တို တိုက်ခိုက်ရာ ၄ စီး ပျက်စီးပြီး စစ်တပ်ဖက်၅ ဦး သေဆုံး Reviewed by THITHTOOLWIN on 22:12 Rating: 5

No comments:

Powered by Blogger.