မုံရွာ ၊ဇွန် ၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မေလ ၆ ရက် ဒီနေ့ ညနေက လူငယ်တွေဦးဆောင်ပြီး Foodpanda Rider တွေနဲ့ရပ်တည်ကြောင်း ဆန္ဒပြခဲ့ကြတဲ့ လူငယ်တွေကို စစ်ကောင်စီတွေက ကားနဲ့လိုက်တိုက်ခဲ့ကြပါတယ်။
မုံရွာလူငယ်စည်းအရုံးက ကျောက္ကာလမ်းမှာ ဆန္ဒပြစဥ် ကားနဲ့လိုက်တိုက်တာလို့ ဆိုပါတယ်။
"စစ်သားနဲ့ ရဲတွေက ကားနဲ့လိုက်တိုက်တာပါ အရပ်ဝတ်တွေနဲ့ပါ ကလစ်ဆိုင်ကယ်တစီး ပါသွားတယ်ဗျ။ လူကတော့ အကုန်လုံခြုံတဲ့နေရာ ရောက်ပါပြီဗျ။ စစ်ကောင်စီဘက်က ဘယ်လောက်ပဲဖြိုခွင်းပါစေ ကျနော်တို့က မကြောက်မရွံ့ဘဲ ဆက်ပြီး ဒီမိုကရေစီမရချင်း တော်လှန်သွားမှာပဲ"လို့ မုံရွာလူငယ်အစည်းအရုံး အဖွဲ့ဝင်တဦးက ပြောပါတယ်။
သူတို့ဟာ "အလုပ်သမားသပိတ်ကိုဝန်းရံကြ အလုပ်သမားပြည်သူ ညီညွတ်ကြ"စာတန်းကို ချိတ်ဆွဲကာ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဖမ်းဆီးခံရခြင်း မရှိဘူးလို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment