မဲခေါင်၊ ဇွန် ၁၃
ရေစကြိုမြို့နယ်၊ ပခန်းကြီးရဲစခန်းမှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ယနေ့တွင် Young Force (UG) အဖွဲ့သို့ ဆက်သွယ် CDM ပြုလုပ်ကြောင်း သိရသည်။
G3 (တစ်လက်)၊ ကျည်ဘောက်(၂)ခု၊ ကျည်အဆံ အတောင့် (၁၀၀) နှင့်အတူ CDM ပြုလုပ်ခြင်းဖြစ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်အား စွန့်ခွာမည်ဆိုပါက မည်သူ့ကိုမဆိုကြိုဆိုပြီး လုံခြုံရေးအာမခံဖြင့် ပို့ဆောင်ပေးမည်ဟု Young Force (UG) က ထုတ်ပြန်ထားသည်။
MeKong News - မဲခေါင်သတင်း
ရေစကြို ပခန်းကြီးရဲစခန်းမှ တပ်သားတစ်ဦး လက်နက်နှင့်အတူ CDM ပြုလုပ်
Reviewed by THITHTOOLWIN
on
22:48
Rating:
No comments:
Post a Comment