ခလရ(၃၀၄) တပ်ရင်းဂိတ်ကို မတူပီ CDF တိုက်ခိုက် စစ်ကောင်စီတပ်သား ၁ဦးသေ

(မတူပီ CDF တပ်ဖွဲ့ဝင်များ ။  ဓါတ်ပုံ-CDF)

ချင်းပြည်နယ် မတူပီ - ပလက်၀ လမ်းရှိ စစ်ကောင်စီ၏ ခလရ(၃၀၄) တပ်ရင်းဂိတ်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း မတူပီ ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ထုတ်ပြန်သည်။

ဇွန်လ ၁၁ရက် ညနေပိုင်းက အဆိုပါ ဂိတ်ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးကာ CDF ရဲဘော်များ ထိခိုက်ကျဆုံးမရှိကြောင်း ဖော်ပြထားသည်။

မတူပီ CDF အနေဖြင့် ဇွန်လ ၇ရက်ကလည်း မတူပီမှထွက်ခွာလာသည့်စစ်ကောင်စီတပ်စစ်ကြောင်းကိုမတူပီ -ပလက်၀လမ်းတစ်နေရာ၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။


People's Spring 

ခလရ(၃၀၄) တပ်ရင်းဂိတ်ကို မတူပီ CDF တိုက်ခိုက် စစ်ကောင်စီတပ်သား ၁ဦးသေ ခလရ(၃၀၄) တပ်ရင်းဂိတ်ကို မတူပီ CDF တိုက်ခိုက် စစ်ကောင်စီတပ်သား ၁ဦးသေ Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.