ပုလဲ - ဂန့်ဂေါလမ်း၊ ပုလဲမြို့နယ် တနေရာမှာ မိုင်းထောင်ထားကြောင့် သတိပေးစာ ရေးပြီး အကြမ်းဖက် စစ်အုပ်စုကို ဖောက်ခွဲ တိုက်ခိုက်ခဲ့စဉ်နှင့် စစ်အုပ်စုဘက်က ပြန်လည်ရေးထားတဲ့ စာသားတွေ/Photo - ပုလဲဂျိုကာ PDF |
ဇွန် - ၁၃
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ပုလဲ- ဂန့်ဂေါလမ်းပိုင်းမှာ မိုင်းထောင်ထားတဲ့ မိုင်းကွင်းဖြစ်ကြောင်းနှင့် ရှေ့ဆက်မတိုးဖို့ သတိပေးစာ ရေးထားခဲ့ပေမယ့် မလိုက်နာဘဲ ရှေ့ဆက်တိုးလာတဲ့ အကြမ်းဖက် စစ်အုပ်စုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာမှာ စကစ သုံးဦး သေတယ်လို့ ပုလဲဂျိုကာ PDF က သတင်းထုတ်ပြန်ပါတယ်။
မနေ့က ဇွန်(၁၂)ရက်က ပုလဲ - ဂန့်ဂေါလမ်း၊ ပုလဲမြို့နယ် မင်းတိုင်ပင်နှင့် ကန်ဒေါင့်ရွာကြားမှာ မိုင်းထောင်ခဲ့ပြီး စာရေးသတိထားတဲ့ကြား ရှေ့ဆက်တိုးလာတဲ့ အကြမ်းဖက် စစ်အုပ်စု ယာဉ်တန်းကို ပုလဲဂျိုကာ PDF အဖွဲ့နှင့် ပုံတောင်ဂဠုန် Hero ပူးပေါင်းအဖွဲ့က မိုင်း(၁၆)လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အကြမ်းဖက် စကစ လက်ကိုင်ဒုတ် စစ်ယာဉ်တန်းအား ဗိုလ်ပုလဲ ဦးဆောင်သော ပုလဲဂျိုကာ PDFအဖွဲ့နှင့် ပုံတောင်ဂဠုန် Hero ပူးပေါင်းအဖွဲ့တို့မှ မိုင်းပွိုင့် (၁၅)ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပက်လက်လန် အိပ်ပျော်သွားပြီး ကြွမိုင်းတစ်လုံး ထပ်မံဖောတ်ခွဲသဖြင့် အနည်းဆုံး ခွေးသုံးကောင် နေရာမှာတင် ထာဝရ အိပ်စက်အနားယူ သွားပါသည်။ ဗိုလ်ပုလဲ မှ သတိပေးစားရေးထားခဲ့သည်ကို စစ်ခွေးများ အနေဖြင့် မထီမဲ့မြင် ပြု၍ နားမထောင်ခဲ့သဖြင့် ယခုကဲ့သို့ ထာဝရ အိပ်စက်အနားယူကြရခြင်း ဖြစ်သည်။ ပူးပေါင်အဖွဲ့များမှ မိုင်းဖောက်ခွဲတိုက်ခိုတ်ပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည် ပူးပေါင်းအဖွဲ့များ ဘေကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။ ခွေးများအထိနာ၍ တနာရီခွဲကျော်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ် ရမ်းသမ်း ပစ်ခတ်ခဲ့ပါသည်” လို့ ပုလဲဂျိုကာ PDF က ဖော်ပြပါတယ်။
ဒီကနေ့ ဇွန်(၁၃)ရက်မှာလည်း ပုလဲမြို့ပေါ်က ထွက်လာတဲ့ အကြမ်းဖက် စစ်အုပ်စုကို ပုလဲဂျိုကာ PDF နှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ (APS-Pale)တို့ ပူးပေါင်းပြီး ပဒေသာမိုင်း ခြောက်လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်အုပ်စု အထိနာပြီး အနည်းဆုံး စကစ နှစ်ယောက် သေတယ်လို့ ဆိုပါတယ်။
“ပုလဲမြို့ခွေးခြံအတွင်းမှ ထွက်လာသော အကြမ်းဖက် စကစ လက်ကိုင်ဒုတ် စစ်ခွေးအကောင် (၂၀)ခန့် ရှေ့ပြေး မိုင်းရှင်းလင်းရေး ထွက်လာစဉ် မြကုန်းကျေးရွာ အနောက်ဖက် အရောက်တွင် ဗိုလ်ပုလဲ ဦးဆောင်သော ပုလဲဂျိုကာ အဖွဲ့နှင့် ပြည်သူ့အရေးတော်ပုံအဖွဲ့ (APS-Pale) ပူးပေါင်းအဖွဲ့တို့မှ ပဒေသာမိုင်း ခြောက်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ခွေးနှစ်ကောင် နေရာမှတင် ထာဝရ အိပ်စက်သွားပြီး နောက်ထပ် ခွေးခြောက်ကောင် ဆတ်ငင်ဆတ်ငင် ဖြစ်၍ အကြီးအကျယ် အထိနာသွားခဲ့ပါသည်။ ပူးပေါင်းအဖွဲ့များ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါသည်” လို့ ပုလဲဂျိုကာ PDF က ဖော်ပြပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်အုပ်စုက ပုလဲနယ်ထဲ ရွာစဉ်ပတ်မွှေပြီး လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ကျူးလွန်ကာ ထင်တိုင်းကျဲ သောင်းကျန်းနေသလို ပုလဲ - ဂန့်ဂေါ လမ်းအတိုင်း ဂန့်ဂေါဘက်က ဆင်းလာတဲ့ ကားအစီးရေ (၉၀)ကျော်ပါ စစ်ယာဉ်တန်းကလည်း ပုလဲနယ်ထဲ ရောက်ရှိနေပြီး ကားလမ်းဘေးနေ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့တာ၊ လုယက် ဓားပြတိုက် တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment