သာစည်က ကြံခိုင်ရေးပါတီဝင် စစ်အုပ်စုအမာခံ တဦး ပစ်သတ်ခံရ


ဇွန်လ ၈ ရက်

မန္တလေးတိုင်း၊သာစည်မြို့နယ် ၊လှိုင်းတက်ကျေးရွာက ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ဇွန်လ ၇ ရက် မနေ့ ညပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသွားသူဟာ ဦးသန်းလှိုင်မိုး(ခ)ကြယ်မိုးဆိုသူဖြစ်ပြီး ယမန်နေ့ည ၇ နာရီခွဲဝန်းကျင်မှာ ၄င်းဖွင့်လှစ်ထားတဲ့ မိုးကာကူရှင်ချုပ်ဆိုင်အတွင်းကို လူတခုက ဝင်ရောက်ပစ်ခတ်သွားတာလို့ဆိုပါတယ်။

သူဟာ ကြံ့ခိုင်ရေးပါတီဝင်တဦးဖြစ်သလို စစ်အုပ်စု အမာခံ မဘသအဖွဲ့ဝင်တဦးဖြစ်တယ်လို့ သိရပါတယ်။

'' သူ့ဆိုင်ထဲကို လူလေးယောက်လောက်က ဆိုင်ကယ်နဲ့လာပြီးဝင်ပစ်သွားတာ။ သူက အရင်ထဲက အစိမ်းအမာခံ ။ မဘသအဖွဲ့တွေမှာလည်းလှုပ်ရှားမှုရှိတယ်။ ကျနော်တို့ဒီ မိတ္ထီလာ၊ ပျော်ဘွယ်၊ သာစည် ဘက်တွေက နဂိုထဲကကြံ့ခိုင်ရေးတွေပေါတယ်'' လို့ ဒေသခံတဦးကပြောပါတယ်။

အဲ့ဒီကြံ့ခိုင်ရေးပါတီဝင်ပစ်သတ်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


Ayeyarwaddy Times 

သာစည်က ကြံခိုင်ရေးပါတီဝင် စစ်အုပ်စုအမာခံ တဦး ပစ်သတ်ခံရ သာစည်က ကြံခိုင်ရေးပါတီဝင် စစ်အုပ်စုအမာခံ တဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:13 Rating: 5

No comments:

Powered by Blogger.