ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ဆွေမျိုး စစ်ကောင်စီသတင်းပေး မော်လမြိုင်မှာ ပစ်သတ်ခံရ


ဓာတ်ပုံ - CJ

မော်လမြိုင် - ဇွန်(၈) 

မော်လမြိုင်မြို့မှာ စစ်ကောင်စီသတင်းပေး တစ်ဦးကို ဒီနေ့ ညနေ (၅) နာရီကျော်က သံလွင်ဥယျာဉ်ဘေးဝင်ပေါက်အနီးမှာ သေနတ်(၅) ချက်ပစ်ကာရှင်းလင်းခဲ့တယ်လို့ မော်လမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

သေဆုံးသွားတဲ့ မျိုးမင်းထွဋ်ဆိုသူဟာ စစ်ကောင်စီအဖွဲ့ဝင် ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနဲ့ ဆွေမျိုးနီးစပ်တော်စပ်သူဖြစ်ပြီး သူဟာ CDM မိသားစုဝင်တွေကို ခြိမ်းခြောက်အကြပ်ကိုင်နေ သူတစ်ဦးဖြစ်သလို အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်တွေကိုလည်း ဖျက်ဆီးပြီး ဗီဒီယို ရိုက်ကာ ခြိမ်းခြောက်အကြပ်ကိုင်တက်သူဖြစ်လို့ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

“သံလွင်ဥယျာဉ်ထဲမှာ ဖြစ်တာပေါ့၊ ပထမဆုံး သေနတ်သံ (၅)ချက်လောက်တော့ ကြားလိုက် တယ်၊ ကျွန်တော်တို့က ဘယ်ကပစ်လဲပေါ့ ဘာလို့ဆို အဲ့ဒီ အပေါ်မှာ ရဲမင်းကြီးရုံး ရှိတယ်ဆိုတော့ အဲ့ဒီကလားပေါ့၊ နောက်တော့ သံလွင်ဥယျာဉ်ထဲမှာ ဆိုတော့ သူတို့ရုံးနဲ့ နီးနီးလေး ဆိုတော့ ချက်ချင်းရောက်လာပြီး စစ်ဆေးတာတွေ လုပ်တာပေါ့”လို့ ဒေသခံ တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။ 

မော်လမြိုင်မြို့ထဲမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက အနီးအနား ကဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးတာတွေလုပ်ဆောင်ခဲ့သလို မြို့အတွင်းမှာလည်း ယာဉ်တန်းတွေအပြင် အိမ်စီးကားတွေနဲ့ပါလှည့်လည်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ပစ်ခတ်ခံရတဲ့ မျိုးမင်းထွဋ်ဟာ မြို့အတွင်း ဧည့်စာရင်းစစ်ဆေးချိန်တွေမှာ ဦးဆောင်ပါဝင်သလို စစ်ကောင်စီလက်အောက်ခံရဲမှူးတွေနဲ့လည်း နီးကပ်တဲ့ ဆက်ဆံရေးရှိသူတစ်ဦးဖြစ်တယ်လို့ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


Than Lwin Times 

ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ဆွေမျိုး စစ်ကောင်စီသတင်းပေး မော်လမြိုင်မှာ ပစ်သတ်ခံရ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးရဲ့ ဆွေမျိုး စစ်ကောင်စီသတင်းပေး မော်လမြိုင်မှာ ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.