ကနီမြို့နယ် ကျေးရွာများတွင် မွှေနှောက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးကျော် သေဆုံး


ကနီ၊ ဇွန် ၆ 

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် သပြေတောနှင့်တောင်ပျောက်ရွာကြားတွင် အကြမ်းဖက် စစ် ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးအဖွဲ့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးကျော်သေဆုံးကြောင်းကနီ မြို့နယ် PDF ကျောက်လုံးကြီး KLG-PDF မှ သိရသည်။

"မနေ့က  ၉ နာရီဝန်းကျင် စစ်ခွေး( အကြမ်းဖက်စစ်ကောင်စီတပ်သား) တွေမိုင်းသုံးလုံးမိပြီး ဆယ်ကောင်အထက်သေတယ်ဗျ။ ပြီးတော့ စစ်ခွေးတွေက ဒရုန်းနဲ့ ဗုံးချ​ပြီးပြန်တိုက်တာ ရဲဘော် ၄ယောက် မစိုးရိမ်ရဒဏ်ရာရခဲ့တယ် " ဟု KLG-PDF တာဝန် ရှိသူတစ်ဦးကလူငယ့်ခေတ်သို့​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အင်အား ၈၀ ကျော်ဖြင့် ကနီမြို့၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတွင်စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

 ထို့ပြင် ကနီမြို့နယ် ၊ အိုင်တောင်ရွာများကိုဖြတ်၍  သပြေတောရွာ၊ နတ်လာပို့မြောက်ရွာ၊ နတ်လာပို့တောင်ရွာ ၊ ဒေါင်းခြံ၊နွား ခြံကုန်းရွားများမှ တဆင့်ချင်းတွင်းမြစ် ကြောင်းအတိုင်း စစ်ကြောင်းထိုးနေသည်။

"မနေ့က သရက်ပင်ရွာက ‌ပြည်သူတစ် ယောက်အသတ်ခံရတယ်။ နောက်ပြီး ဒေါင်းခြံက ပြည်သူတစ်ယောက် အသတ်ခံရတယ်။ ယောင်္ကျားလေးတွေကြီးပဲ။ စစ် ဘေးဒုက္ခသည်တွေ ဖမ်းပီးသတ်တာဗျ " ဟု  KLG-PDF တာဝန်ရှိသူတစ်ဦးကလူငယ့်ခေတ်သို့​ပြောသည်။

လက်ရှိ ကနီတစ်မြို့နယ်လုံးတွင် အကြမ်းဖက်စစ်ကောင်စီကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ ငါးသောင်းကျော် ရှိနေပြီး အများစုမှာ နေအိမ်မီးရှို့ခံရခြင်းကြောင့် နေစရာအိမ်ပျောက်ဆုံးနေသူများဖြစ်ကြောင်း ဒေသခံတော်လှန်ရေးအဖွဲ့များထံမှသိရသည်။


Lu Nge Khit

ကနီမြို့နယ် ကျေးရွာများတွင် မွှေနှောက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးကျော် သေဆုံး ကနီမြို့နယ် ကျေးရွာများတွင် မွှေနှောက် ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးကျော် သေဆုံး Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.