မုံရွာမှာသေနတ်ကိုင်ပြီး ဂိတ်ဖွင့် ပိုက်ဆံတောင်းရမ်းနေတဲ့ ပျူစောထီး ၂ ဦးကိုရှင်းလင်း၊ သေနတ်တလက်ရ


မုံရွာ၊ ဇွန် ၄၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအဝင်ဇရပ်မှာ ဆိုင်ကယ်နဲ့ကားတွေကို ပိုက်ဆံတောင်းရမ်းနေတဲ့ ပျူစောထီး ၂ ဦးကို ဇွန်လ ၄ ရက် ဒီကနေ့မနက်မှာ ရှင်းလင်းခဲ့တယ်လို့ မုံရွာစေတန်အဖွဲ့က ထုတ်ပြန်ပါတယ်။

တောပုရွာက ချစ်သဲနဲ့ နန်းအောင်ဆိုသူ ပျူစောထီး ၂ ဦးကို ဒီမနက် ၁၀ နာရီခွဲဝန်းကျင်မှာ အလစ်အ ငိုက်မှာပစ်ခတ် ရှင်းလင်းခဲ့တာဖြစ်ပြီး သူတို့ကိုင်ဆောင်တဲ့သေနတ်တလက်သိမ်းဆည်းရရှိခဲ့တယ်လို့ဆိုပါတယ်။

"သူတို့က တောပုက ပေလမ်းကိုတက်လာပြီး ကြေးမုံရွာထိပ်ဇရပ်မှာတောင်းတာ။ ဒီကောင်တွေအလစ်မှာဝင်ပစ်တာ။ သေနတ်တလက်နဲ့ ကျည် ၂၆တောင့်ရပါတယ်" လို့ စေတန်အဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မုံရွာစေတန်အဖွဲ့အပြင် Special Force 11၊ Monywa Hero Group၊ Monywa The Boy၊ Special ဒိတ်ဒိတ်ကြဲ အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မေလ ၃၀ နဲ့ ၃၁ ရက်နေ့တွေမှာလည်း မုံရွာမြို့နယ် တောပုရွာက PDF တွေကို စိန်ခေါ်နေတဲ့ပျူစောထီးနဲ့ ကျောက်ဆစ်ပုံ(တောင်ရွာ) က အုပ်ချုပ်ရေးမှူးတို့ ပစ်ခတ်ရှင်းလင်းခံခဲ့ရပါသေးတယ်။


မြေလတ်အသံ - Myaelatt Athan

မုံရွာမှာသေနတ်ကိုင်ပြီး ဂိတ်ဖွင့် ပိုက်ဆံတောင်းရမ်းနေတဲ့ ပျူစောထီး ၂ ဦးကိုရှင်းလင်း၊ သေနတ်တလက်ရ မုံရွာမှာသေနတ်ကိုင်ပြီး ဂိတ်ဖွင့် ပိုက်ဆံတောင်းရမ်းနေတဲ့ ပျူစောထီး ၂ ဦးကိုရှင်းလင်း၊ သေနတ်တလက်ရ Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.