ဇွန် - ၈
စစ်ကိုင်းမြို့နယ် ကျောင်းဖြူကျေးရွာထဲ ဝင်မွှေလုယက် ဖျက်ဆီးကာ တန်ဘိုးကြီး ပစ္စည်းတွေ ခိုးယူလုယက်ပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုကို မနေ့က ညဦးပိုင်းအချိန် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီ အကြမ်းဖက်သမား အနည်းဆုံး နှစ်ဦးသေတယ်လို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့တွေက ဆိုပါတယ်။
ဇွန်(၈)ရက် မနေ့က ညနေ(၆)နာရီကျော်က စစ်ကိုင်းမြို့နယ် ပဒူရွာနှင့် ကံကြီးကုန်းရွာကြားမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ကားသုံးစီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တစ်စီး ထိမှန်ကာ စကစ တစ်ဦးနှင့် ပျူတစ်ဦး သေတယ်လို့ ဆိုပါတယ်။
“ခွေးတွေက မနေ့က မနက်ပိုင်းမှာ ကံတလူတိုးဂိတ်နားက ဆင်တပ်ရွာထဲက သူတို့မွေးထားတဲ့ ပျူတွေကို ဝင်ခေါ်ပြီး စစ်ကိုင်းမြို့နယ်အဆုံး ဝက်လက်နဲ့အစပ်က ကျောင်းဖြူရွာကို သွားမွှေတာ။ ကျောင်းဖြူရွာက အိမ်ငါးလုံးကို ဖျတ်ဆီးတယ်။ ရွာထဲ လုယက်ပြီး အပြန် ပဒူရွာနဲ့ ကံကြီးကုန်းရွာကြားအရောက် မိုင်းဆွဲခံရတာ။ ထိတဲ့တစ်စီး ပက်လက်လန်သွားပြီး ခွေးတွေ သေတယ်။ လောလောဆယ် အတည်ပြုနိုင်တာက ခွေးတစ်ကောင်၊ ပျူတစ်ကောင် သေတယ်။ မနေ့က ညတွင်းချင်း အလောင်းတွေ မြှုပ်တယ်လို့ ကြားတယ်” လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦးက MFP ကို ပြောပါတယ်။
ဒါ့အပြင် မိုင်းဆွဲခံရတဲ့ စစ်ကောင်စီ အကြမ်းဖက်သမားတွေ အများအပြား ထိခိုက်ဒဏ်ရာ ရနိုင်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
မိုင်းဆွဲခံရပြီးချိန် အကြမ်းဖက် စစ်အုပ်စုက ရမ်းကားပစ်ခတ် သောင်းကျန်းနေတာကြောင့် ပခူရွာ အပါအဝင် အနီးအနား ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းထဲ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ လူသတ်၊ လုယက်၊ နေအိမ်မီးရှို့၊ ဖမ်းဆီးငွေညှစ်တာတွေ ထင်တိုင်းကျဲ ကျူးလွန်နေတာ ဖြစ်ပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment