ကျိိုက်လတ်၊ ဇွန်လ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ကျိုက်လတ်မြို့နယ်၊ ဒေါင့်ကြီးကျေးရွာစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ယနေ့ ညနေ ၃ နာရီခန့်က သေနတ် သုံးချက်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဒေါင့်ကြီးကျေးရွာက အုပ်ချုပ်ရေးမှူးမှာ ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဧရာဝတီဗိုလ်တိုက်ငမန်း အဖွဲ့မှ ဒီကနေ့ ညနေ ၃ နာရီလောက်မှာ သေနတ်နဲ့ ၃ ချက်ဆင့် လာရောက်ပစ်ခတ်သွားတာလို့ အဆိုပါအဖွဲ့ထံမှ သိရပါတယ်။
"ရပ်ရွာအပေါ် နဲ့ ပြည်သူလူထုတွေ ကို ဒုက္ခမျိုးစုံပေးနေတဲ့ အုပ်ချုပ်ရေးမှုးရဲ့ ဘယ်ဘက်ရင်အုံမှာကျည်သုံးချက်တိတိဖြင့် ထိမှန်ပြီးနေရာတွင်ပွဲချင်းပြီးအောင် ပစ်ခတ်ခဲ့တာကို ဧရာဝတီဗိုလ်တိုက်ငမန်း မှဦးဆောင်ပြီး ရွာအရောက်သွားပြီး ရှင်းလင်းခဲ့တာ"လို့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးကဧရာဝတီတိုင်းမ်ကိုပြောပါတယ်
အဆိုပါ အုပ်ချုပ်ရေးမှူးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး ရွာရှိ ဒေသခံများအပေါ်လည်း ဖိအားပေးခိုင်းစေမှုများလုပ်ဆောင်နေသူဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
Ayeyarwaddy Times
No comments:
Post a Comment