(မွန်ပြည်နယ်အတွင်း အင်အားတိုးနေသည့် စစ်ကောင်စီကားများဖြစ်သည် ။ ဓာတ်ပုံ - KNU) |
မွန်ပြည်နယ်၊ကျိုက်ထိုဘက်မှ ဘီးလင်းမြို့နယ်သို့ ထွက်ခွာလာသည့် ခြောက်စီးပါစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Force က ထုတ်ပြန်သည်။
ယနေ့(ဇွန် ၉ ရက်)နံနက် ၉နာရီ မိနစ်၅၀ခန့်က ကျိုက်ထိုမြို့နယ်၊ တညင်ချောင်းရွာ အဝင်လမ်းအနီးတွင် အထက်ပါစစ်ယာဥ်တန်းကို ကျိုက်ထို KRF၊ ကျိုက်ထို (ပကဖ)နှင့် KNU/KNLAပူးပေါင်း၍ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးစာရင်း အတိအကျမသိရှိရသေး သော်လည်းပူးပေါင်းအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။
"လေးစီးမြောက်ကားက မိုင်းလည်း ထိတယ်။(၄၀) မမ ဗုံးသီးပါ မှန်တာ။အပြန်အလှန်ပစ်ခတ်တာတော့ ငါးမိနစ်ကျော်လောက်ရှိတယ်။စခဘက်က ထိခိုက်သေဆုံးတာ ရှိနိုင်တယ်"ဟု KRF တာဝန်ရှိသူက People's Springသို့ ပြောသည်။
ဇွန်လ ၇ ရက်ကလည်း ကျိုက်ထိုမြို့နယ်အတွင်း စစ်အင်အားအပြည့်ဖြင့် မောင်းနှင်လာသော စစ်ကောင်စီယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ထုတ်ပြန်ထားသည်။
People's Spring
No comments:
Post a Comment