ဇွန် ၇ ရက်
လွိုင်ကော်မှ မိုးဗြဲသို့ အင်အား ၁၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသောစစ်ကောင်စီတပ်ကို ညောင်ဝိုင်းရပ်ကွက်အနီးတွင် Pekhon PDF တပ်ရင်း (၂)၊ MoeBye PDF၊ URF၊ KA၊ KNDF B03၊ B011၊ BO12၊ SSRY ပူးပေါင်းအဖွဲ့တို့ ယနေ့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်သားအမျာစုသည် Sniper ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည် ဟု ဖယ်ခုံ PDF က ယနေ့ ထုတ်ပြန်တွင်ရေးသားထားသည်။
ယနေ့ တိုက်ပွဲတွင် Pekhon PDF တပ်ရင်း (၂) တပ်ခွဲ(၃)မှ ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊လွိုင်ကော်အမြောက်တပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိုးဗြဲမြို့အတွင်းသို့ ကျရောက်ပေါက်ကွဲကာ ပြည်သူ၂ ဦး သေဆုံးခဲ့သည်။
ထို့အပြင် ၄၂၂ တပ်မှလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် လယ်ထွန်ကျေးရွာ၊ ဆောင်ကန်းကျေးရွာသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊လက်ရှိတွင် မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ဆက်လက်တပ်စွဲထားပြီး မိုးဗြဲမြို့နေပြည်သူများပိတ်မိနေကြောင်းသိရသည်။
ထို့ပြင်လွိုင်ကော် - မိုးဗြဲလမ်းမကြီးကို ဖြတ်သန်းသွားလာခြင်း ရှောင်ရှားရန် PDF က သတိပေးထားသည်။
SHAN News (Burmese Version)
No comments:
Post a Comment