သရက်ချောင်းမှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကူလာတဲ့ကားတွေ ၂ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သား ၁၀ဦးခန့်သေဆုံးပြီး ၂၀ဦးခန့်ဒဏ်ရာရ
တနင်္သာရီတိုင်းမ် ၊ ဇွန် ၁၃
သရက်ချောင်းမြို့နယ်၊စော်ဖျားကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဒီနေ့နေ့လည် ၁၂နာရီအချိန်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ကူလာတဲ့စစ်ကောင်စီကားတွေ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
စစ်ကူရောက်လာတဲ့ စစ်ကားတစ်စီးဟာ ၁၂နာရီခွဲအချိန်ခန့်က စော်ဖျားကျေးရွာထိပ်မှာမိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့သိရပါတယ်။
မိုင်းဆွဲခံရတာကြောင့် စစ်ကောင်စီတပ်သား ၄ဦးပွဲချင်းပြီးသေဆုံး၊ ၉ဦးခန့် ဒဏ်ရာရရှိပြီး သေနတ် ၁ လက်လည်းသိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
ဒါ့အပြင် အခုညနေ ၃နာရီခွဲအချိန်ခန့်မှာလည်း ရောင်းမော်ရွာလမ်းကနေ စော်ဖျားရွာကို မြေတင်ကား ၂စီးနဲ့ ထပ်မံဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ဒုတိယအကြိမ်မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး နှစ်ဖက်ပစ်ခတ်မှု တစ်နာရီခန့်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဒုတိယအကြိမ်တိုက်ခိုက်မှုမှာလည်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက်ကတော့ ရဲဘော် တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
ဇွန် ၈ ရက်နေ့က စော်ဖျားရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် ရိက္ခာသယ်ပို့နေတဲ့ မြေတင်ကားတစ်စီး မီးရှို့ခံခဲ့ရပါတယ်။
The Tanintharyi Times
No comments:
Post a Comment