ထူးကြီးမြို့က သစ်မှောင်ခိုအကြီးစား အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်း သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရ


အင်္ဂပူ၊ ဇွန်လ ၈ ရက် 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ထူးကြီးမြို့ အမှတ် (၃) ရပ်ကွက်မှ သစ်မှောင်ခိုအကြီးစား အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ကို ဒီကနေ့ ဇွန်လ ၈ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့က သေနတ်ဖြင့် ၃ ချက် ဝင်ရောက်ပစ်ခတ်သွားကြောင်းဒေသခံများထံက သိရသည်။

"ဒီနေ့မနက်ပိုင်း ၉ နာရီလောက်က သေနတ်နဲ့ဝင်ပစ်ခံရတာ သူက အာဏာသိမ်းပြီးနောက်ပိုင်းမှ စစ်ကောင်စီကခန့်ထားတဲ့အုပ်ချုပ်ရေးမှူးပါ။ 

အတော်လေးဆိုးတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးတောင်သူက ဂရုမစိုက်ဘူး။သူ့ကိုလုပ်ပိုင်ခွင့်အကုန်ပေးထားလို့ သစ်မှောင်ခိုကို အကြီးအကျယ်လုပ်နေတာ။ စစ်တပ်သတင်းပေးတဲ့နေ့ရာမှာလဲ နာမည်ကြီးပဲ။ ရုံးထဲဝင်ပစ်ခံရတာ။ ဘယ်အဖွဲ့က ပစ်တယ်တော့မသိရဘူး" ဟု ထူးကြီးမြို့နယ် ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောသည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ထူးကြီးဆေးရုံမှ ဟင်္သာတမြို့ဆေးရုံကြီသို့ ပို့ဆောင်ထားကြောင်းဒေသခံများထံကသိရသည်။

ထိုပြင် ၎င်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပစ်ခတ်ခံရပြီးနောက် စစ်တပ်နှင့်ရဲတွေရောက်ရှိလာကာ ထူးကြီးမြို့ မိန်းလမ်းမကြီးကိုပိတ်ဆို့ပြီး ကား၊ဆိုင်ကယ်သမားတွေနဲ့ ရပ်ကွက်တွေကို ရှာဖွေစစ်ဆေးနေကြောင်း ဒေသခံများကဆိုသည်။

အဆိုပါစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို မည်သည့်နက်ကိုင်အဖွဲ့ကပစ် ဝင်ရောက်ပစ်ခတ်သွားကြောင်း ကို​တော့ မသိရှိသေးကြောင်း ထူးကြီးမြို့ခံများထံမှ သိရသည်။


Ayeyarwaddy Times 

ထူးကြီးမြို့က သစ်မှောင်ခိုအကြီးစား အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်း သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရ ထူးကြီးမြို့က သစ်မှောင်ခိုအကြီးစား အမှတ် (၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ထွန်းထွန်းဝင်း သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခံရလို့ ဆေးရုံတင်ထားရ Reviewed by THITHTOOLWIN on 23:36 Rating: 5

No comments:

Powered by Blogger.