သထုံနှင့်ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ၊ ၄ ဦးဆုံး၊ ၃ ဦးဒဏ်ရာရ

ဓာတ်ပုံ - ရှေ့တန်းထွက်သည့်စစ်ကောင်စီယာဉ်တန်းကိုတွေ့ရစဉ်။ ပုံဟောင်း။ (Photo: CJ) 

ဇွန်လ ၁၃ ရက်နေ့ ၊ ၂၀၂၂

မွန်ပြည်နယ် သထုံမြို့နယ်နှင့်ကျိုက်ထိုမြို့နယ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေ တစ်ရက်အတွင်း ၂ ကြိမ်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ နယ်မြေခံသတင်းရင်းမြစ်ကပြောပါတယ်။ 

သထုံမြို့နယ်ရှိ KNLA အမှတ် ၁ တပ်မဟာ တပ်ရင်း၂ မှတပ်ရင်းမှူးကိုမေးကြည့်ရာမှာ ဒီနေ့မနက် ၅ နာရီခွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KNLA တပ်ရင်း ၂ လက်အောက်ခံပူးပေါင်းတပ်ဖွဲ့မှသွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြုပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ထဲမှာအရာရှိတစ်ဦးလည်းပါတယ်လို့ သတင်းရရှိကြောင်း အဆိုပါတပ်ရင်းမှူးကပြောပါတယ်။ 

သွားရောက်ပစ်ခတ်ရာမှာ စစ်ကောင်စီဘက်မှစစ်ကူလာတာမရှိပေမဲ့ ဒီနေ့လည် ၁၂ နာရီမှာ စစ်ကောင်စီနှင့်အတူ နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၁၄ တပ်ရင်း ဗိုလ်မောင်ချစ်လက်အောင်ခံတပ်ခွဲမှ ဗိုလ်တင်ဝင်းပူးပေါင်းအင်အား ၆၀ လောက်က အမှတ် ၉ ခြေမြန်တပ်ရင်းမှာရောက်ရှိလာတယ်လို့ ထိုတပ်မှူးကပြောပါတယ်။ ပိန္နဲတောက ထိခိုက်ဒဏ်ရာရလူနာကိုသွားယူဖို့ဖြစ်တယ်လို့သူကပြောပါတယ်။ 

ဒါ့အပြင် ကျိုက်ထိုမြို့နယ် မဲယွန်းလေးနှင့်မဲယွန်းကြီးကြားမြေနီလမ်းတွင် နယ်မြေရှင်းလင်းဖို့စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဒီနေ့ဇွန်လ ၁၃ ရက်နေ့ညနေ ၃ နာရီဝန်းကျင်တွင်အမှတ် ၁ တပ်မဟာ KNLA တပ်ရင်း ၃ တပ်ခွဲ ၁ ပူးပေါင်းတပ်ဖွဲ့တို့က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KNLA သတင်းရင်းမြစ်ကဆိုပါတယ်။ ထိခိုက်သေဆုံးမှုကိုတော့ မသိရှိရသေးဘူးလို့ဆိုပါတယ်။ 

“လောလောဆယ် ကယ်ဆယ်ရေးကားသုံးစီးမှာထားတာသိရတယ်။ ကားတော့ခုမိုးချုပ်တဲ့အထိမရောက်လာသေးဘူး။ ကယ်ဆယ်ရေးကားသုံးစီးမှာတဲ့အပေါ်မှာထိခိုက်သေဆုံးမှုများမယ်လို့” KNLA တပ်မှူးတစ်ဦးကပြောပါတယ်။ 

ဒါ့အပြင်ဇွန်လ ၁၂ ရက်နေ့ညနေ ၃ နာရီကျော်အချိန်တွင် မုတ်ပလင်လမ်းဆုံကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို KNLA တပ်ရင်း ၃ တပ်ခွဲ ၁ ပူးပေါင်းတပ်ဖွဲ့မှရှောင်တခင်သွားရောက်ပစ်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးသွားတယ်လို့ တပ်ခွဲ ၁ တပ်မှူးကပြောပါတယ်။


Salween Press

သထုံနှင့်ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ၊ ၄ ဦးဆုံး၊ ၃ ဦးဒဏ်ရာရ သထုံနှင့်ကျိုက်ထိုမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ၊ ၄ ဦးဆုံး၊ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 22:53 Rating: 5

No comments:

Powered by Blogger.