ဓားထိုးခံရပြီး မသေခဲ့သော မန္တလေး တမ္ပဝတီ အုပ်ချုပ်ရေးမှူး သေနတ်နှင့် ၇ ချက် အပစ်ခံရပြီး သေဆုံး


မန္တလေး၊ ဇွန် ၄

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးယနေ့ ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကာ ​သေဆုံးသွားကြောင်းဒေသခံများထံကသိရသည်။

ယနေ့ဇွန်လ (၄)ရက် ညနေ သုံးနာရီခွဲခန့် နေအိမ်ရှေ့ လမ်းလျှောက်နေစဉ် သေနတ်နှင့် ၇ချက် ပစ်ခတ်ခံခဲ့ရပြီး နေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဒေသခံများကပြောသည်။

ဦးအောင်မိုး၏ ဇနီးဖြစ်သူသည်လည်း ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးစလုံးကိုဆေးရုံသို့ခေါ်ဆောင်သွားကြောင်းဒေသခံများကဆိုသည်။ ၎င်း သေဆုံးပြီးနောက် စစ် ကောင်စီတပ်သားများရောက်ရှိလာပြီး လမ်းမ များကို ပိတ်ဆို့စစ်ဆေးခဲ့ကြောင်းဒေသခံများက ပြောသည်။

"ခွေးတွေ (စစ်ကောင်စီတပ်သား) တွေက ဟိုကြည့်ည့်ဒီကြည့်နဲ့ ကိုယ်နဲ့ မဆိုင်ရင် သွားကြလို့ အော်နေတာ အကုန်ပစ်ထည့်လိုက်ရမလား ကြိမ်းမောင်းနေတာ"ဟု ဒေသခံတစ်ဦးကဆိုသည်။

ဦးအောင်မိုးသည် ပြီးခဲ့သည့် ၂၀၂၁ခုနှစ် မေလ ၆ရက်နေ့ကလည်း ဓားဖြင့်အထိုးခံခဲ့ရပြီး မသေဆုံးခဲ့ဘဲ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးဆက်လုပ်နေသူဖြစ်သည်။


Lu Nge Khit

ဓားထိုးခံရပြီး မသေခဲ့သော မန္တလေး တမ္ပဝတီ အုပ်ချုပ်ရေးမှူး သေနတ်နှင့် ၇ ချက် အပစ်ခံရပြီး သေဆုံး ဓားထိုးခံရပြီး မသေခဲ့သော မန္တလေး တမ္ပဝတီ အုပ်ချုပ်ရေးမှူး သေနတ်နှင့် ၇ ချက် အပစ်ခံရပြီး သေဆုံး Reviewed by THITHTOOLWIN on 22:29 Rating: 5

No comments:

Powered by Blogger.