ခင်ဦးမြို့နယ်ကြို့ကန်ရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်သတ်ဖြတ်ခဲ့သော အပြစ်မဲ့ပြည်သူ၂ဦးအလောင်းတွေ့ရှိ

ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ဇွန် ၁၃၊ ၂၀၂၂ ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ်ကြို့ကန်ကျေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ် များနှင့် ပျူစောထီးအဖွဲ့တို့သည် ဇွန်လ၁၁ရက်ညနေပိုင်းတွင် နေအိမ်၃၅အိမ်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ 

ထို့ပြင် နေအိမ်(၂)လုံးမှာလည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးသွားခဲ့ရသည်။

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည်ကြို့ကန်ရွာကို မီးရှို့ရန် လာခဲ့ရာ ဗျူဟာလမ်း၌ မိုင်းဆွဲခံခဲ့ရပြီး ရပ်တန့်နေချိန် ရွှေဘိုမြို့ဘက်မှပြန်လာသော ခင်ဦးနယ်ဒေသခံ၂ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးသည်။

ထို့နောက်ကျေးရွာမှ ပြန်ထွက်သွားချိန်တွင်ထိုပြည်သူ၂ဦးအား ပစ်သတ်ထားခဲ့သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဖော်ပြထားသည်။ 

သတ်ဖြတ်ခံခဲ့ရသော အရပ်သားပြည်သူ၂ဦးမှာ ခင်ဦးမြို့နယ်အင်တိုင်းကြီးကျေးရွာမှ ကိုချမ်းသာ(ခန့်မှန်းအသက်-၄၀)နှင့် အဖော်တစ်ဦးတို့ဖြစ်သည်ဟု သိရသည်။ 

ခင်ဦးမြို့နယ်တွင် လက်ရှိအာဏာသိမ်းကာလအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်များသတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးရဲဘော်နှင့်ပြည်သူပေါင်း  ၁၅၇ဦးအထိရှိနေပြီဖြစ်သည်ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။


သံလွင်ခက် - Than Lwin Khet News

ခင်ဦးမြို့နယ်ကြို့ကန်ရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်သတ်ဖြတ်ခဲ့သော အပြစ်မဲ့ပြည်သူ၂ဦးအလောင်းတွေ့ရှိ ခင်ဦးမြို့နယ်ကြို့ကန်ရွာ၌ အကြမ်းဖက်စစ်ကောင်စီတပ်သတ်ဖြတ်ခဲ့သော အပြစ်မဲ့ပြည်သူ၂ဦးအလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 22:50 Rating: 5

No comments:

Powered by Blogger.