သရက်ချောင်းမြို့နယ် သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို


စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ၁၄နှစ်အရွယ်မိန်းကလေးအပါအဝင် ဒေသခံနှစ်ဦးသေဆုံး

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များက ယမန့်နေ့(ဇွန်၃ရက်) နေ့လယ် ၁၂နာရီခွဲခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်တပ်သား လေးဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ 

တိုက်ပွဲသည် ညနေ ၄နာရီအထိဖြစ်ပွားခဲ့ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရှိခဲ့သည်ဟု ဒေသကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှာ အထိအခိုက်မရှိဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရေကြောင်းနှင့်ကုန်းကြောင်းကပါ စစ်ကူပေးခဲ့သည်ဟု ဆိုသည်။ 

ဒေသကာကွယ်ရေးတပ်များက ထပ်မံတိုက်ခိုက်နိုင်သည်ဟု သတင်းစကားကြောင့် စစ်ကောင်စီတပ်က စုံစင်ဖျားကျေးရွာနှင့် သရက်ချောင်းမြို့ ရဲစခန်းများကို အင်အားအလုံးအရင်း ဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။ လက်ရှိတင် သရက်ချောင်းမြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကြပ်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။ သေဆုံးနှစ်ဦးအနက် တစ်ဦးမှာ(၁၄)နှစ်အရွယ် မိန်းကလေးဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

"သေသွားတဲ့ကလေးမအဖေက စစ်သားလို့ပြောတယ်။ ရွာထဲကို လက်နက်ကြီးနဲ့ပစ်တဲ့အချိန် သူ့ဦးလေးနဲ့ ပုန်းရှော‌နေတုန်း လက်နက်ကြီးထိပြီးသေတာ"ဟု ဒေသခံတစ်ဦးက ပြောသည်။


People's Spring 

သရက်ချောင်းမြို့နယ် သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို သရက်ချောင်းမြို့နယ် သဲချောင်းကြီးအောက်ရဲကင်းစခန်းကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟုဆို Reviewed by THITHTOOLWIN on 22:39 Rating: 5

No comments:

Powered by Blogger.