သိမ်ဇရပ်က ပျူစောထီးအကြံပေးဆိုသူ သေနတ် (၆) ချက်ပစ်ခံရ


သိမ်ဇရပ်၊ ဇွန် (၅) 

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့၊ သုံးဂွကျေးရွာအုပ်စု ကျောက်ရေတွင်းကျေးရွာက အကြမ်းဖက်စစ်အုပ်စုလက်ပါးစေဆိုတဲ့ ပျုစောထီးအကြံပေးအရာရှိ ဦးခင်ဝင်းကို မနေ့ကညနေပိုင်းမှာ ရှင်းလင်းလိုက်တယ်လို့ God Of Death -GOD အဖွဲ့ က ထုတ်ပြန်ပါတယ်။ 

"သူက ပျူခေါင်းဆောင်ကို ထိန်းချုပ်နေတာ။ အကြံပေးဆိုပါတော့ သူက အကြံပေးမြှောက်ထိုးပင့်ကော်လုပ်တယ် သူလဲရင် သူ့လူတွေတပ်ပျက်ပီလေ၊ ဒါကြောင့်ရှင်းခဲ့တယ်။ သေချာတကတော့ မတိကျဘဲ သတင်းပေးတာရရုံနဲ့တော့ ကျွန်တော်တို့မလုပ်ပါဘူး"လို့ GOD အဖွဲ့ ခေါင်းဆောင် ကိုရဲခေါင်က လူငယ့်ခေတ်ကိုပြောပါတယ်။ 

အခုအသတ်ခံလိုက်ရတဲ့ ဦးခင်ဝင်း​ဟာ မီးကော်မတီဥက္ကဋ္ဌဖြစ်ပြီး သူ့ကြောင့် GOD အဖွဲ့က ရဲဘော်တစ်ယောက်ရဲ့ မိသားစုလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ 

အခုရှင်းလင်းမှုကို God Of Death -GOD အဖွဲ့နဲ့ သိမ်ဇရပ် LPDF က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပြီး ဦးခင်ဝင်းဟာ ပျူစောထီးအကြံပေးဟုတ်မဟုတ် လူငယ့်ခေတ်အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ 

သူတို့ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်မှာတော့ သေနတ် (၆) ချက်ပစ်ခတ်ခဲ့တဲ့အသံကြားရပြီး သေဆုံးမှုရှိမရှိကိုတော့ မသိရသေးပါဘူး။ 


Lu Nge Khit

သိမ်ဇရပ်က ပျူစောထီးအကြံပေးဆိုသူ သေနတ် (၆) ချက်ပစ်ခံရ သိမ်ဇရပ်က ပျူစောထီးအကြံပေးဆိုသူ သေနတ် (၆) ချက်ပစ်ခံရ Reviewed by THITHTOOLWIN on 22:17 Rating: 5

No comments:

Powered by Blogger.