ဇွန် (၇)
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် ရွှေညောင်မြို့ မင်္ဂလာအောင်မြေ ရပ်ကွက် (၁) ရာအိမ်မှူးဖြစ်သည့် ဦးကိုကိုမြင့် (ခ) ကိုဂျိုး ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သိရသည်။
ယမန်နေ့ ဇွန် (၆) ရက် နေ့လည်ပိုင်း ၂ နာရီခွဲတွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ဦးကိုကိုမြင့် (ခ) ကိုဂျိုး ရုံးခန်း၌ လာရောက်ပစ်သတ်ခဲ့သည်ဟု သိရသည် ။
သေနတ်ပစ်ခံရပြီး သေဆုံးသွားသည့် ဦးကိုကိုမြင့် (ခ) ကိုဂျိုးသည် တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ကော်မတီဝင်ဟောင်း တစ်ဦးဖြစ်ပြီး ယာဘက်ရင်အုပ် နှင့် ဂျိုင်းနားတွင် သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ရွှေညောင်မြို့နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။
“လာပစ်တာကတော့ ဘယ်အဖွဲ့ကလည်းဆိုတာ မသိဘူး။ လူငယ်အရွယ်ပဲပြောတယ်။ သေနတ်ဒဏ်ရာကတော့ ၃ ချက်ပါ” ဟု ၎င်း အမျိုးသားက ဆိုသည်။
ယခုလက်ရှိအချိန်ထိ အဘယ်ကြောင့် ပစ်ခတ်သည်ကို အသေးစိတ်မသိရှိရသေးသည့်အတွက် ပစ်ခတ်သူ အမျိုးသားတစ်ဦးလည်း လွတ်မြောက်သွားကြောင်း သိရသည်။
SHAN News (Burmese Version)
No comments:
Post a Comment