ဇွန် - ၁၃
မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆင်ချောင်းရွာမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို မြင်းခြံခရိုင်အမှတ် (၅) တပ်ရင်း နှလုံးလှလူမိုက်ကြီးများအဖွဲ့က မနေ့ ဇွန်လ (၁၂)ရက်မှာ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စနိုက်ပါနဲ့ ပစ်ခတ်တာ မသေမရှင်ဖြစ်နေတဲ့အတွက် နှုတ်ခမ်းနီထပ်ဆိုးပေးပြီး ငရဲပြည်ပို့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ပစ်ခတ်ခံရပြီးတဲ့နောက် တပ်စွဲထားတဲ့ စစ်အုပ်စုဟာ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုပြီး နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်အမှတ်(၅) တပ်ရင်း၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့(မြင်းခြံ) ဟာ ပြည်တော်ပြန်ခရီးအဖြစ် စစ်အုပ်စုကို တောက်လျှောက်တိုက်ခိုက်နေတာ မစ်ရှင်သုံးခုအထိ ဆောင်ရွက်ပြီးပြီလို့ ထုတ်ပြန်ထားပါတယ်။
Mandalay Free Press - MFP
မြင်းခြံ ဆင်ချောင်းမှာ တပ်စွဲထားတဲ့ စစ်အုပ်စုကို စနိုက်ပါနဲ့ ဝင်ပစ်၊ တစ်ယောက်သေ
Reviewed by THITHTOOLWIN
on
23:07
Rating:
No comments:
Post a Comment