ရေဦးမြို့နယ်ထဲ မီးရှို့ပြန်လာသော စစ်အုပ်စုအား ကာကွယ်ရေးတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်၊ စကစတပ်သား (၅) ဦးသေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိ


ဇွန် ၈ 

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာအား မီးတင်ရှို့သွားသော စကစအင်အား (၁၂၀)ခန့်အား ရေဦးစခန်းအပြန်တွင် ယနေ့ နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ရွာမိဿာရွာနှင့် ညောင်လှမူးဆုံကြား၌ DRPA၊ Freedom Revolution Force - FRF တပ်ဖွဲ့နှင့် ရေဦးမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၁၀ မိနစ်ခန့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စကစအဖွဲ့ဝင် (၅) ဦးသေဆုံးပြီး ဒဏ်ရာရ စကစ (၂၀) ကျော်အား စကပ်ကားဖြင့် သယ်ဆောင်သွားကြကြောင်း DRPA ကထုတ်ပြန်သည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


PDF Newsflash

ရေဦးမြို့နယ်ထဲ မီးရှို့ပြန်လာသော စစ်အုပ်စုအား ကာကွယ်ရေးတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်၊ စကစတပ်သား (၅) ဦးသေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိ ရေဦးမြို့နယ်ထဲ မီးရှို့ပြန်လာသော စစ်အုပ်စုအား ကာကွယ်ရေးတပ်ဖွဲ့များမှ စောင့်ကြိုတိုက်ခိုက်၊ စကစတပ်သား (၅) ဦးသေဆုံးကာ (၂၀) ကျော်ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 23:47 Rating: 5

No comments:

Powered by Blogger.