မိုးညှင်း - ဇွန် ၁၂၊ ၂၀၂၂။
မိုးညှင်းမြို့နယ်သို့ ကင်းပုန်းဝပ်ရန်လာသော စစ်ကောင်စီစစ်ကြောင်းကို ယနေ့နံနက် ၁၀ နာရီခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) ကမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အင်အား ၃၀ ခန့်ပါရှိသော စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် နန့်စီးအောင်ကျေးရွာနှင့် မော်လူးမြို့ ကြားလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက The 74 Media ကို ပြောပြသည်။
“အသက်အန္တရာယ်စိုးရိမ်ရတာက နှစ်ယောက်မိုးညှင်းဆေးရုံကို သူတို့လူပိုင်တဲ့ ကားအသေးနဲ့ ပို့လိုက်တယ်။ တခြားဒဏ်ရာာ အနည်းငယ်ရတဲ့ ဟာကတော့ များတယ်။ မိုးညှင်းတပ်က အဲ့လမ်းဘေးမှာ ကင်းပုန်းဝပ်ဖို့လာတာ” ဟုပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အနီးပတ်ဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သူကဆက်ပြောသည်။
“မိုင်းဆွဲခံရပြီးနောက်ပိုင်း လက်နက်ကြီးနဲ့ ရမ်းထုပြီး အဲ့မှာလာတဲ့ကားတွေ ဆိုင်ကယ်တွေ အကုန်စစ်ပြီး လမ်းကြော ခဏပိတ်သွားတယ်။ သူတို့(စစ်ကောင်စီ)က ယာဉ်တန်းမလာခင် PDF တွေလာ၊ မလာ ကင်းပုန်းဝတ် စောင့်တယ်၊ မိုင်းရှင်းတယ် လမ်းဘေးတွေ“ ဟုပြောသည်။
မိုးညှင်းမြို့နယ် နန့်စီးအောင်စစ်ဆေးရေးဂိတ်အနီးရှိ လွှဲကူတောင်တွင်လည်း ၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်မြောက်ရေးတပ် (KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးခဲ့သည်။
The 74 Media
No comments:
Post a Comment