ကနီမှာ နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အသေအဆုံးများ

ကနီ၊ ဇွန် ၅၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း အင်အား ၁၀၀ ကျော်နဲ့ နယ်မြေရှင်းလင်းရေးဆိုကာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေ ဇွန်လ ၅ ရက် ဒီမနက်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။ 

အဲ့ဒီစစ်သားတွေဟာ ချင်းတွင်းမြစ်ကြောင်းတလျောက် ကျောက်ဖလပ်ရေယာဥ်နဲ့ ချီတက်လာပြီးမှ ကနီနယ်အတွင်း ခြေလျင်စစ်ကြောင်းထိုး ဝင်ရောက်လာချိန်  သပြေတောရွာ နဲ့ တောင်ပျောက်ရွာကြားအရောက်မှာ KLG PDF နဲ့ ယင်းမာပင် မဟာမိတ်တပ်ဖွဲ့စုတွေက မိုင်း ၃ လုံးဆွဲ တိုက်ခိုက်ခဲ့တာလို့ ကျောက်လုံးကြီး KLG တပ်မဟာ တာဝန်ခံက ပြောပါတယ်။ 

“စစ်တပ်က အင်အား ၁၀၀ လောက်နဲ့ကျောက်ဖလပ်ကနေ နယ်‌မြေရှင်းလင်းရင်းနဲ့ စစ်ကြောင်းထိုးလာတာ၊ သပြေတောနဲ့ တောင်ပျောက်ရွာကြားအရောက်မှာ ကျနော်တို့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ၊ မနက် ၉ နာရီခွဲလောက်က တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့က တိုက်မိုင်းတွေ ထောင်ထားခဲ့တာ၊ တိုက်မိုင်း ၃ လုံးမိပြီး ၁၀ ကောင်ထက် မနည်းသေတယ်၊” လို့ သူက ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးတယ်လို့ မြေပြင်တိုက်ခိုက်ရေး ရဲဘော်တွေက ခန့်မှန်းပေမယ့် ဒီသေဆုံးမှုနဲ့ပက်သက်ပြီး မြေလတ်အသံက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ 

ဒီနေ့လည်ပိုင်းမှာလည်း ကနီနယ်အတွင်း အဲ့ဒီစစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားလျက် ရှိနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၃၁ ရက်ကလည်း မင်းကုန်းရွာကနေ တဇယ်ချောင်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ကျောက်လုံးကြီး KLG တပ်ရင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ၃ ပွင့်ဗိုလ်အပါအဝင် စစ်သား ၃၀ ဦးခန့် သေဆုံးခဲ့ပါသေးတယ်။  


မြေလတ်အသံ - Myaelatt Athan

ကနီမှာ နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အသေအဆုံးများ ကနီမှာ နယ်မြေရှင်းလင်းရေးလာတဲ့ စစ်ကောင်စီတပ်တွေ မိုင်းဆွဲခံရပြီး အသေအဆုံးများ Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.