ရွာငံမြို့နယ်မှ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ


မဲခေါင်၊ ဇွန် ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှ စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ခေါင်းဆောင်တစ်ဦး ယနေ့၊ နံနက်ပိုင်းအချိန်က သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့သတင်းရင်းမြစ်များထံမှ သိရသည်။

ရွာငံမြို့နယ်၊ ကျောက္ကူပြင်ရွာ၊ စာသင်ကျောင်းရှေ့တွင် ရွာငံမြောက်ပိုင်းပျူစောထီးအဖွဲ့ခေါင်းဆောင် ကိုအောင်ဆိုသူက မုန့်ဆိုင်၌ ထိုင်နေစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း PDF သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"မုန့်ဆိုင်မှာထိုင်နေတုန်းပစ်ခံရတာ။ ပစ်တာကတော့ ၇ ချက်ပစ်တယ်။ ရင်ဝတွေ၊ နောက်ကျောတွေရော မှန်တယ်။ ဒါပေမယ့် သူကျည်ကာဝတ်ထားတော့ မသေဘဲ ဒဏ်ရာပဲရသွားတာ။ ကျည်တော့ထိသွားတယ်။ လက်မောင်းတွေလောက်ပဲ ဒဏ်ရာရသွားတာ။ တပ်ဖွဲ့ဝင်တွေရဲ့ လုံခြုံရေးအခြေအနေအရ ဘယ်အဖွဲ့ကလုပ်ဆောင်တယ်လို့တော့ မထုတ်ပြန်သေးပါဘူး။ လုံခြုံစိတ်ချရတဲ့နေရာရောက်မှ သတင်းထုတ်ပြန်ပေးမှာပါ" ဟု ၎င်းကပြောသည်။

ကိုအောင်ဆိုသူသည် ရွာငံမြို့နယ်၊ ဆင်နက်ချောင်ရွာသားဖြစ်ပြီး ပြည်သူ့စစ်သင်တန်းဆင်းပျူစောထီးခေါင်းဆောင်တယောက်ဖြစ်ကာ အာဏာသိမ်းစစ်တပ်မှ G-3အမျိုးအစား သေနတ် ၅ လက်နှင့် ယင်းကျည် ၁၂၀၀၀ တောင့်၊ လက်ပစ်ဗုံးများ တပ်ဆင်ပေးထားခြင်းခံရသူဖြစ်ကြောင်း သိရသည်။

၎င်းသည် ရဲများနှင့်ပူးပေါင်း၍ ယခင်ကတည်းကမူးယစ်ဆေးဝါးများ ရောင်းဝယ်ဖောက်ကားနေသူတယောက်ဖြစ်ကြောင်း၊ နွားဘန်းကြီးရွာရှိ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်း၊ စစ်တပ်နှင့် နေ့ကင်း၊ ညကင်း များကို ကားဖြင့်လှည့်လည်ခြင်းများကို လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည် ဇွန်လ ၁၂ ရက်ကလည်း ရွာငံမြို့နယ်၊ တပ်ပုပ်ရွာအနီးရှိ ကားလမ်းမပေါ်၌ ရွာငံမြို့နယ်ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နှင့် အဖွဲ့ဝင် ၂ ဦး စီးနင်းလာသော ကားအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၂ ဦး သေဆုံးကာ တစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်းကိုလည်း သိရသည်။


MeKong News - မဲခေါင်သတင်း

ရွာငံမြို့နယ်မှ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ ရွာငံမြို့နယ်မှ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 22:50 Rating: 5

No comments:

Powered by Blogger.