ဓာတ်ပုံ - လှိုင် ၁ ရပ်ကွက်တွင် စစ်ကောင်စီတပ်သားများ ဝင်ရောက် ပစ်ခတ်သာင်းကျန်းခဲ့စဉ် (ပုံဟောင်းဖြစ်သည်) |
ဇွန်လ ၅ ရက်
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် ၁ ရပ်ကွက်၏ အုပ်ချုပ်ရေးမှုး ဖိုးကျော်သည် အမည်မသိသေနတ်သမားများ၏ ပစ်ခတ်မှုကြောင့် ကျည် ၄ ချက်ထိမှန်ပြီး သေဆုံးသွားသည်ဟု သိရသည်။
ဖိုးကျော်သည် ယနေ့ မနက်စော ၆:၀၀ နာရီဝန်းကျင်က ရပ်ကွက်တွင်း လမ်းလျှောက်နေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး၊ နားထင်၊ လည်ပင်းနှင့် ဝမ်းဗိုက်တို့ ကျဉ်ထိမှန်ကာ သေဆုံးသွားခဲ့သည်ဟု မြို့နေပြည်သူများ၏ ပြောကြားချက်အရ သိရသည်။
ဖိုးကျော်သည် (၁) ရပ်ကွက်၏ ယာယီအုပ်ချုပ်ရေးမှူးဖြစ်သည်ဟု သိရပြီး၊ ယနေ့ပစ်ခတ်မှုကို မည်သည့်အဖွဲ့က လူပ်ဆောင်ခြင်းဖြစ်သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပါ။
HTY Information
လှိုင် (၁) ရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး လေးချက်ပစ်ခတ်ခံရပြီး သေဆုံး
Reviewed by THITHTOOLWIN
on
22:12
Rating:
No comments:
Post a Comment