ဓာတ်ပုံ - ထားဝယ်တက္ကသိုလ်ကထိက ဦးဝင်းဗိုလ် |
(ကံပေါက်) ဇွန်လ ၁၃ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ပန်းတင်အင်းစံပြကျေးရွာတွင် ဇွန်လ ၁၂ ရက်နေ့ ညနေပိုင်းက စစ်တပ်သတင်းပေးဟုဆိုသူ စစ်ကောင်စီလက် အောက်ခံထားဝယ်တက္ကသိုလ်ကထိကတဦးနှင့် ထွေအုပ်စာရေးမတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများကသိရသည်။
"ညနေပိုင်းက အသတ်ခံလိုက်ရတာပေါ့။ရွာထဲမှာလဲ ဒလန်လို့နာမည်ကြီးသူတွေဖြစ်တယ်။ သူတို့နှစ်ဦးကို အရင်က PDFက သတိပေးစာတွေ အပေးခံရဘူးတယ်လို့လဲ သိရတယ်။ပန်းတင်အင်းရွာက သူတို့ရဲ့နေအိမ်တွေပဲ သေ နတ်သမားတွေရောက်လာပီး ပစ်ခတ်ခဲ့တာပါ" လို့ ပန်းတင်အင်းရွာသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ပစ်ခတ်ခံရသူများမှာ ထားဝယ်တက္ကသိုလ်၊ မြန်မာစာဌာနမှ လက်ထောက်ကထိက အသက် ၄၅ နှစ်ခန့်ရှိသူဦးဝင်းဗိုလ် ဆိုသူနှင့် လောင်းလုံမြို့နယ် အထွေ ထွေ အုပ်ချုပ်ရေးဦးစီးဌာနလက်အောက်ရှိ ပန်းတင်အင်းရွာ စာရေးမ ဒေါ်မြမြမိုး ဆိုသူတို့ဖြစ်ကြောင်းဒေသခံများက ပြော သည်။
ဦးဝင်းဗိုလ်ဆိုသူမှာ ၎င်း၏နေအိမ်အပေါ်ထပ်တွင်သေ နတ်ဒဏ်ရာခြောက်ချက်ခန့် ပစ်ခတ်ခံရပြီး ထိမှန်သေဆုံးသွားကာဒေါ်မြမြမိုးမှာ ၎င်း၏နေအိမ်အောက်တွင်သေ နတ်ဒဏ်ရာ ငါးချက်ခန့်ပစ်ခတ်ခံရပြီးထိမှန်သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ နှစ်ဦးသည်ဆေးရုံတွင် သေဆုံးသွားခဲ့ပြီး ၎င်းတို့နှစ်ဦးသေဆုံးမှုနှင့်ပတ်သက်ပြီး လောင်းလုံပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့်ထားဝယ် PDFတို့ ပူးပေါင်းလုပ် ဆောင်ခဲ့တာလို့ လောင်းလုံPDFကထုတ်ပြန်ထားသည်။
Ayeyarwaddy Times
No comments:
Post a Comment