ကိုင်းလယ်ရွာနယ်မြေ ရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလက်ပါးစေ ရဲတစ်ဦး အရှင်ဖမ်းမိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရ


မကွေးတိုင်း၊ ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာနယ်မြေ ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီလက်ပါးစေ ရဲတပ်သားတစ်ဦး အရှင်ဖမ်းမိကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးကြောင်း သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့များက ထုတ်ပြန်သည်။

ယနေ့(ဇွန်လ ၇ရက်)နံနက် ၆နာရီခန့်ကစ၍ တပေါက်မြို့နယ်တောင်ပိုင်းရှိ ကိုင်းလယ်စခန်းရဲစခန်းကို PDF နှင့် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ခန့်ရှိသော ကိုင်းလယ်ရဲစခန်းသိမ်းပွဲတွင် စခန်းမှူးအပါအဝင် အများစုမှာ ထွက်ပြေးသွားခဲ့ပြီး ရဲတပ်သားတစ်ဦးကို အရှင်ဖမ်းမိသည်ဟု ပခုက္ကူ ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

"ရဲအရှင်တစ်ဦးမိတယ်။ လောလောဆယ် ထိန်းသိမ်းထားဆဲပဲ။ရဲဘော်နှစ်ဦးတော့ ကျသွားခဲ့တယ်။စခန်းတွင်းကနေ ဗုံးသီးအချို့သိမ်းနိုင်တယ်။ တခြားဆက်စပ်ပစ္စည်းတစ်ချို့လည်း ပါတယ်။စခန်းကို မီးရှို့နိုင်ခဲ့တယ်။လေယာဥ်ပစ်ကူလာလို့ မနက်ပိုင်းထဲက ပြန်ဆုတ်လာခဲ့တယ်လို့ သိရတယ်"ဟု ၎င်းက ပြောသည်။ 

ကျဆုံးရဲဘော်နှစ်ဦးမှာ ရဲဘော်ရန်နိုင်မိုးနှင့်ရဲဘော် ကျော်ဇောလင်းတို့ ဖြစ်ပြီး ၎င်းတို့တပ်ဖွဲ့ဝင်များဖြစ်ကြောင်း CAF-SPUPDF မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

ရဲစခန်းသိမ်းတိုက်ပွဲတွင် Young Revolution Force၊Swallow PDF၊ပေါက်ပြောက်ကျားတပ်ဖွဲ့၊People's Power Coalition၊CAF-SPUPDFနှင့် ဘာမထီ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည် ဟု သိရသည်။


People's Spring

ကိုင်းလယ်ရွာနယ်မြေ ရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလက်ပါးစေ ရဲတစ်ဦး အရှင်ဖမ်းမိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရ ကိုင်းလယ်ရွာနယ်မြေ ရဲစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလက်ပါးစေ ရဲတစ်ဦး အရှင်ဖမ်းမိ   ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကျဆုံးခဲ့ရ Reviewed by THITHTOOLWIN on 00:13 Rating: 5

No comments:

Powered by Blogger.