မြင်းမူ၊ ဇွန် ၆၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာအနီး စစ်ကောင်စီဗိုလ်အဆင့်ပါလာတဲ့ Pajero အိမ်စီးကားအပါအဝင် ကား ၂ စီးကို PDF ၂ ဖွဲ့က ဒီကနေ့ နေ့လည်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myaung Revolution Army - MRA တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။
"ကျနော်တို့ ၂ နာရီခွဲနဲ့ ၃ နာရီခန့်က မိုင်းဆွဲတိုက်ခိုက်တာလုပ်ခဲ့ပါတယ်။ ကား ၂ စီးထဲလာတာ၊ လမ်း တလျှောက်ကျနော်တို့ ကင်းထောက်တွေသေချာ စောင့်ကြည့်သတင်းပေးတာပါ။ ဗိုလ်အဆင့်ပါတယ်။ ကျနော်တို့မိုင်းဆွဲပြီးတဲ့အချိန်ကစပြီး မိုင်းမိတဲ့ကားက အခုအချိန်အထိ အဲဒီနားမှာရှိနေတုန်းပါ။ ဒဏ်ရာရတဲ့လူတွေလည်းသွေးတွေနဲ့ အဲဒီနားမှာရှိနေတုန်းပဲ၊ လူကြီးကားပေါ်မှာတော့ အများကြီး မပါနိုင်ဘူး။ နောက်ကကားပေါ်မှာတော့ ပါလိမ့်မယ်။ ကျနော်တို့က ရှေ့ကလူကြီးကားပဲမိုင်းဆွဲလိုက်တာ" လို့ Myaung Revolution Army - MRA တာဝန်ခံက ပြောပါတယ်။
Parjardo အနက်ရောင် ကာအပါအဝင် အိမ်စီးကား ၂ စီးနဲ့ အရပ်သားတွေလို အသွင်ယူကာ ခရီးသွားခဲ့ခြင်းဖြစ်ပြီး၊ MRA ဦးဆောင်ပြီး မိုင်းဆွဲခဲ့ကာ မိုင်းဆွဲတဲ့ ရဲဘော်တွေ ဘေးကင်းတဲ့နေရာမှာရောက်ပြီးလို့ သူကဆက်ပြောပါတတယ်။
အခုလိုအရပ်သားအသွင်ယူလာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ကားကို မိုင်းခွဲတိုက်ခိုက်မှုကြောင့် သေဆုံးပျက်ဆီးစာရင်းကိုတော့ သီးခြားအတည်းပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒီလှုပ်ရှားမှုကို Myaung Revolution Army - MRA ဦးဆောင်ပြီး Farmers Revolution Army အဖွဲ့တို့နဲ့ ပူးပေါင်းပြီးမိုင်းဆွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment