ပုံစာ- စစ်ကောင်စီတပ်ကရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီး ကျရောက်ခဲ့သည့်နေရာတစ်နေရာကို တွေ့ရစဥ် |
သထုံ၊ ဇွန် ၁၅
အကြမ်းဖက်စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်ခဲ့သည့် ၁၂၀ မမ လက်နက်ကြီးတစ်လုံးသည် ရှေ့တန်းစစ်မြေပြင်အတွင်း ကင်းပုန်းဝပ်နေသည့် ၎င်းတို့တပ်သားများအနီးသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ယနေ့သတင်းထုတ်ပြန် သည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အကြမ်းဖက်စစ် ကောင်စီတပ်က မေလ ၂၈ ရက် မှ ဇွန်လ ၁၄ ရက်နေ့အတွင်း လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်လျက်ရှိသည်။ ဝင်းပကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီ ခမရ(၉)ဝင်းပ တပ်စခန်းက ပစ်ခတ်လိုက်သည့် ၁၂၀ မမသည် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီလက်ပါးစေများအနီးကျ ရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
"မေ ၂၈ ကနေ ဇွန် ၁၄ ရက်အတွင်း ကြားရက် တစ်ရက်ရက်မှာ ထိသွားတာပါ။ တိုက်ပွဲကိုအာရုံစိုက်နေရလို့ အဲ့ဒီကျတဲ့နေ့ကရက်အတိအကျကို ကျွန်တော်တို့ မေ့သွားတာပါဗျာ”ဟု သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ဆိုသည်။
လက်နက်ကြီးထိမှန်သေဆုံးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးသည် ဝီယော် ရှေ့တန်းစခန်းနယ်မြေတွင် ကင်းပုန်းဝပ်နေခြင်းဖြစ်ပြီး ကင်းပုန်းဝပ်နေသူအားလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။
“ဒီကိစ္စကိုကျွန်တော်တို့သိသိခြင်း တင်ဖို့ရာ အင်တာနက်လိုင်းအခြေအနေနဲ့ တိုက်ပွဲအခြေအနေများကြောင့် ယခုမှ ထုတ်ပြန်ရခြင်းဖြစ် ပါတယ်”ဟု သထုံပြည်သူ့ပြောက်ကျားများအဖွဲ့က ဆိုသည်။
ကင်းပုန်းဝပ်နေသည့် အကြမ်းဖက်စစ် ကောင်စီတပ်သား ၇ ဦး ၎င်းတို့ကျည် ၎င်းတို့ထိမှန် သေဆုံးခဲ့ခြင်းအပေါ် သထုံ ပြည်သူ့ပြောက် ကျားများအဖွဲ့က ရက်အတိအကျစုံစမ်းပြီး သတင်းထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ် ကြောင်းထုတ်ပြန်ထားသည်။
သထုံမြို့နယ်၊ ဝီယော်ကျေးရွာနှင့် ထုံးဘိုလေးကျေးရွာအကြားတွင် မေလ ၂၈ ရက် မှစတင်ပြီး အကြမ်းဖက်စစ် ကောင်စီတပ်နှင့် KNU/KNLA တပ်မဟာ(၁)၊ တပ်ရင်း (၂)နယ်မြေရှိပြည်သူ့ခုခံကာကွယ်ရေးအင်အားစုများနှင့် ထိ တွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး အကြမ်းဖက်စစ်ကောင်စီတပ်က အကျအဆုံးများနေသဖြင့် ကျေးရွာများဘက် သို့လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိကြောင်းသိရသည်။
Lu Nge Khit
No comments:
Post a Comment