ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၅ ဦးကိုသတ်ပြီး အလောင်းကို အိမ်နဲ့အတူမီးရှို့


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ပိုင်း ညောင်လယ်ရွာထဲသို့ ဇွန်လ ၃ ရက်နေ့ ညနေပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်တွေဝင်ရောက်လာပြီး လူနေအိမ်များအား မီးရှို့ကြတယ်လို့သတင်းရရှိပါတယ်။ 

စစ်ကောင်စီတပ် မီးရှို့ထားတဲ့ လူနေအိမ်တစ်လုံးတွင် ခွေးချည်သံကြိုးဖြင့် လက်ကိုတုတ်ထားပြီး

မီးရှို့ခံရတဲ့ အလောင်းတစ်လောင်းကို ဒေသခံရွာသားတွေက ပြန်လည်တွေ့ရှိကြပါတယ်။ 

ညောင်လယ်ရွာရဲ့ ရထားသံလမ်းဘေးအနီး‌လူနေအိမ်တစ်လုံးအတွင်းမှာ လူနေအိမ်နှင့်အတူ သံကြိုးဖြင့် ချည်နှောင်ကာ သတ်ဖြတ်မီးရှို့ထားသော အလောင်း(၄)လောင်းတွေ့ရှိရပြီး စုစုပေါင်း အလောင်း ၅ လောင်းတွေ့ရှိပါတယ်။ မီးရှို့ခံရတဲ့ အလောင်း ၅ လောင်းဟာ အခုထိ ဘယ်သူဘယ်ဝါမှန်းမသိရသေးပါ။


Zalen 

ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၅ ဦးကိုသတ်ပြီး အလောင်းကို အိမ်နဲ့အတူမီးရှို့ ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်က ပြည်သူ ၅ ဦးကိုသတ်ပြီး အလောင်းကို အိမ်နဲ့အတူမီးရှို့ Reviewed by THITHTOOLWIN on 23:59 Rating: 5

No comments:

Powered by Blogger.