မြို့သစ်၊ ဇွန် ၄၊ ၂၀၂၂။
မကွေးတိုင်း၊ မြို့သစ်မြို့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးကို ဇွန်လ ၄ ရက် ဒီနေ့မနက် ၁၁ နာရီခွဲလောက်က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။
ရွာဆိုးကျေးရွာက ဒလန်လို့ကျော်ဇောနေတဲ့ အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုး ဆိုသူဖြစ်ပြီးသေနတ်နဲ့ ၄ ချက်ပစ်ခတ် ခံရတာလို့သိရပါတယ်။
"ခင်မောင်စိုးကို လမ်းမှာရှင်းခဲ့တာပါ လေးချက်ပစ်လိုက်တာ ခေါင်းနဲ့ခန္ဓာကိုယ်ကိုထိတာ ရွာဆိုးကျေးရွာအုပ်စုက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးပါ" လို့ ဗိဿနိုးအဖွဲ့ရဲ့ တာဝန်ရှိသူကပြောပါတယ်။
ဦးခင်မောင်စိုးဟာ အုပ်ချုပ်ရေးမှူးတာဝန်အပြင် ကျေးရွာအတွင်းက အိမ်ထောင်စုတွေဆီက ဆက်ကြေးကောက်ခံပေးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ခိုလူံတဲ့နေရာတွေကိုလည်း လိုက်လံပြသတာတွေ လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။
အဲဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့ ညကလည်း မြို့သစ်မြို့ ၊ လဲလူကျေးရွာ မြောက်ဘက်က မိုင်တဲတာဝါတိုင်ကို လက်လုပ်မိုင်း ၄ လုံးနဲ့ မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment