ယင်းမာပင်၊ ဇွန် ၅၊ ၂၀၂၂။
ယင်းမာပင်မြို့နယ်ထဲမှာ ကျောင်းဖွင့်ပွဲအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို မေလ ၂ ရက် မနက်ပိုင်းက YOMA YAR ZAR နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၃ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ယာရသူတွေလည်းရှိတယ်လို့ YOMA YAR ZAR တာ၀န်ခံက မြေလတ်အသံ ကို ပြောပါတယ်။
"သူတို့က ကျောင်းဖွင့်ပွဲကို လုံခြုံရေးလာမယ်လို့ ကျနော်တို့က သတင်းရထားတယ်ပေါ့နော်။ သတင်းရထားတဲ့အတွက် ကျနော်တို့ ၀င်ရောက်တိုက်ခိုက်တယ်၊ မနက်ခင်း ၉ နာရီလောက်မှာ ကျနော်တို့ လက်နက်ကြီးတွေနဲ့ စပစ်တယ်၊ အထိခိုက် အကျရှုံးကတော့ ၃ ဦးထက်မနဲဘူးလို့ သိရတယ်" ဟု တာ၀န်ခံက ပြောပြတာပါ။
မြေလတ်အသံ - Myaelatt Athan
ကျောင်း လုံခြုံရေး စစ်သားများ တိုက်ခိုက်ခံရ ၃ ဦးထက်မနည်း သေဆုံးထိခိုက်နိုင်ဟု ဆို
Reviewed by THITHTOOLWIN
on
22:14
Rating:
No comments:
Post a Comment