Photo- ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ကသာ ပကဖ |
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နှင့် မဘိန်းမြို့နယ်အစပ်၊ တံခွန်တိုင် အခင်းစုအနီးတွင် ဇွန်လ(၁၁)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်သား (၁၁)ဦးထက်မနည်း သေကြောင်း ကသာမြို့နယ် ပကဖ က ယနေ့ဇွန်လ(၁၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ကသာခရိုင် PDF ရင်း(၃)၊ ABSDF၊ ကသာ (အင်းကြီး -ပကဖ) ပူးပေါင်းတပ်များက တောင်ကုန်းတစ်ခုပေါ်မှ အသာစီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲကို ထွက်ကြည့်သည့် လှေဘိုရွာမှ စစ်ရှောင်ပြည်သူ (၆)ဦးမှ ရွှေလီမြစ်တစ်ဘက်ကမ်း၊ မဘိန်းမြို့နယ်၊ ပွဲဆမိတ်ဘုရားကုန်းရှိ စစ်ကောင်စီတပ်မှ ၆၀ မမ နှင့်ပစ်ခတ်သဖြင့် (၄)ဦး သေဆုံးကာ (၂)ဦး အပြင်းအထန် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ကသာမြို့နယ်အား ဦးတည်၍ စစ်ကောင်စီမှ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများကို ပေါ်တာဆွဲပြီး ပြည်သူယာဉ်များ (ကား၊ဆိုင်ကယ်၊စက်လှေ)များအား မတရားချောဆွဲခြင်း၊ ပြည်သူ့နေအိမ်များရိုက်ဖျက်၊ မီးရှို့ခြင်း၊ ရွှေ၊ ငွေများ လုယက်ခြင်း၊ ဘုန်းကြီးကျောင်းများအား အကာအကွယ်ပြုလုပ်၍ စစ်ကြောင်းများ အလွန်အကျွံထိုးလာမှုများ လုပ်ဆောင်နေ၍ ပြည်သူများအနေဖြင့်တိုက်ပွဲများနှင့် ဝေးရာတွင် ရှောင်တိမ်းနေကြရန်လည်း ပြန်ကြားထားသည်။
Tachileik News Agency
No comments:
Post a Comment