ကနီမြို့နယ် တဇယ်ချောင် ရွာသား ၄ ဦးကို စစ်တပ်က သတ်ဖြတ်

ဓာတ်ပုံ- သတ်ဖြတ်ခံထားရသည့် တဇယ်ချောင်ရွာသားတစ်ဦး 

ကနီ၊ ဇွန် ၄

စစ်ကိုင်းတိုင်း ကနီမြို့နယ် တဇယ်ချောင်ရွာ မှ ပြည်သူ ၄ ဦးကို အကြမ်းဖက်စစ်ကောင်စီ မှ သတ်ဖြတ်ထားခဲ့သဖြင့် ယနေ့ ဇွန် ၄ ရက်နေ့တွင် အလောင်းကောက်ခဲ့ရကြောင်း ကနီမြို့နယ် PDF (ကျောက်လုံးကြီး )- KLG-PDF ထံမှ သိရသည်။

" ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူတွေကိုဖမ်းသွားတယ်။ ပြည်သူ ၄ ဦးကို ခွေး(အကြမ်းဖက်စစ်ကောင်စီတပ်သား)တွေ သတ်ထားခဲ့တယ်ဗျ။ အခုလေးတင်မှ အလောင်းကောက်နိုင်တာ တဇယ်ချောင်သားတွေပါ " ဟု KLG-PDF မှ တာဝန်ခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

မေလ ၃၁ ရက် က ကနီမြို့နယ် မင်းကုန်းရွာ နှင့် ညောင်ပင်ဝန်းရွာအနီး တိုက်ပွဲအပြီးတွင် အကြမ်းဖက် စစ်ကောင်စီမှ တဇယ်ချောင်ရွာမှ အရပ်သားပြည်သူ ၆ ဦးနှင့် ရှမ်းမြောင်းရွာမှ အရပ်သား ပြည်သူ ၃ ဦး ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ထို့ပြင် ကနီမြို့  ချင်းတွင်းမြစ် ဆိပ်ကမ်း ကူးတို့ဆိပ်၊ တောင်ခြေဆိပ်များတွင် အကြမ်းဖက်စစ်အုပ်စု မှ ရေယာဥ် ၁၀ စီးဖြင့် ကမ်းကပ်ထားကြောင်း သိရသည်။

ထိုကြောင့်  ကနီမြို့နယ် ကနဲအုပ်စု၊ နတ်ကြီးအုပ်စု၊ ကင်းတောင်အုပ်စု၊ ချိုင်အုပ်စု၊ မုဌောအုပ်စု၊ အိုင်တောင်အုပ်စု၊ တဇယ်ချောင်အုပ်စု၊ နတ်မြောက်အုပ်စုနှင့် နတ်တောင်အုပ်စု စသည့် ကျေးရွာအုပ်စု ၉ စုမှ ဒေသခံပြည်သူ ၂၆၅၃၂ ဦး သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကနီမြို့နယ်သတင်းမှ ထုတ်ပြန်ထားသည်။

လက်ရှိ ကနီမြို့နယ်တွင် ဖုန်းလိုင်းများအားလုံး ဖြတ်ထားခံရသလို ယနေ့ ဇွန် ၄ ရက်တွင်လည်း ပန်းဆိုင်းရွာနှင့် မုဌောရွာအနီးတွင် ပြည်သူ့တပ်နှင့် စစ်တပ်က အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သိရသည်။

ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဘေးရွာများကို စစ်တပ်က  စစ်ကြောင်းထိုးလျက် ရှိပြီး  မြစ်ကမ်းဘေးရွာများကို မီးရှို့နိုင်ခြင်းကြောင့် ပြည်သူများ သတိထားနေထိုင်ကြရန် ကနီမြို့နယ်သတင်းပေ့ချ်မှ တဆင့် ယနေ့ သတိပေး ထုတ်ပြန်ထားသည်။


Lu Nge Khit

ကနီမြို့နယ် တဇယ်ချောင် ရွာသား ၄ ဦးကို စစ်တပ်က သတ်ဖြတ် ကနီမြို့နယ် တဇယ်ချောင် ရွာသား ၄ ဦးကို စစ်တပ်က သတ်ဖြတ် Reviewed by THITHTOOLWIN on 22:30 Rating: 5

No comments:

Powered by Blogger.