ပဲခူး၊ဇွန် ၆
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ပတောက်ခင်ကျေးရွာအုပ်စု သဲကောကျေးရွာတွင် မိုင်တဲ တာဝါတိုင် ဗုံးခွဲခံရသည့်ကိစ္စ နှင့် ပတ်သက်ပြီး အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီ မှ ယနေ့ ဇွန် ၆ရက် တွင် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။
"စခအင်အားကတော့ ၁၀ ယောက်ကျော်ဘဲ ရှိတယ်၊ မနေ့က တာဝါတိုင်မိုင်းကွဲပြီးတော့ ဒီနေ့စစ်ရင်း ဖမ်းသွားတာ အဖမ်းခံရတာ နှစ်ယောက်ဗျ။ သဲကောကျေးရွာသားဘဲ " ဟု ဒေသခံတစ်ဦးက လူငယ့်ခေတ် သို့ပြောသည်။
ယနေ့ ဇွန် ၆ ရက် မနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီမှ သဲကောကျေးရွာအဝင်အထွက်တွင် ဆိုင်ကယ်များကို စစ်ဆေးပြီးနောက် သဲကောကျေးရွာနေ ကိုမြင့်စိုးနှင့် ကိုမြင့်စိန် တို့ ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း Yedashae Township Informations လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ယနေ့ထုတ်ပြန်ထားသည်။
ယမန်နေ့ ညပိုင်းက ရေတာရှည်မြို့နှင့် သုံးမိုင်ခန့်ဝေးကွာသည့် သဲကောကျေးရွာရှိ မိုင်တဲ တာဝါတိုင် ကို တောင်ငူခရိုင် တပ်ရင်း အမှတ် (၃၅၀၁)၊ တပ်ခွဲ (၃) ဗိုလ်ကြက်သွန် တပ်ဖွဲ့မှ ဗုံးခွဲခဲ့ရာ တာဝါတိုင်အောက်ခြေရှိ စက်ယန္တရား မီးလောင်ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။
Lu Nge Khit
No comments:
Post a Comment