ဇွန် - ၁
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးမှာ စောင့်နေနတဲ့ စစ်အုပ်စုဝင်တွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဗုံးထုတိုက်ခိုက်ခဲ့တယ်လို့ Generation Z Power - GZP Mandalay အဖွဲ့က ထုတ်ပြန်ပါတယ်။
ထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သတင်းရင်းမြစ်အချို့ကတော့ လျှပ်စစ်ရုံးအနီး ရေမြောင်းအတွင်းမှာ အသံဗုံးပေါက်ပြီး လူနဲ့ အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ပြောဆိုကြပါတယ်။
ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးဟာ ပြီးခဲ့တဲ့ မတ်လ(၁၁)ရက်နေ့ကလည်း ဗုံးထုတိုက်ခိုက်ခံရပြီးတဲ့နောက် လမ်းသွားလမ်းလာတွေကို စစ်အုပ်စု ရမ်းကားရန်တွေ့ခဲ့ပြီး (၂၄)နာရီကျော်ကြအောင် မီးဖြတ်တောက်ထားခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဧပြီလ (၁၉)ရက်နေ့မှာလည်း CDM ဝန်ထမ်းတွေကို ဖိနှိပ်ခဲ့တယ်လို့ နာမည်ကြီးခဲ့တဲ့ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာ ဗိုလ်ကြီးဟောင်း ကျော်ရဲအောင်ကို နေအိမ်ပြန်လာစဉ် (၁၉)လမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ နဖူးတည့်တည့် ထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်ကြီးမြို့နယ် လျှပ်စစ်ရုံးဟာ (၃)ကြိမ်ထက်မနည်း ဗုံးထုတိုက်ခိုက်ခံထားရပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment