ကျောက်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅၀ ဦးထက်မနည်းသေဆုံးပြီးအလောင်းများကို ဒရွတ်တိုက်ဆွဲယူသွား

ရုပ်သံ-မြို့လှKPDFတပ်ဖွဲ့

ဇွန်လ ၁၃ ရက်

ကချင်ပြည်နယ်၊ရွေကူမြို့နယ်၊ရွှေငြိမ်းချမ်းရွာမှကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ကို ဇွန်လ ၁၂ ရက် ယမန်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် မြို့လှ KPDF တပ်မှ လမ်းခုလတ်တွင် မိုင်း ၈ လုံးဆွဲကာ တိုက် ခိုက်ခဲ့ကြောင်း မြို့လှKPDF ထံကသိရသည်။

"စစ်ကောင်စီဘက်မှ မိုင်းကွင်းထဲ ဝင်ရောက်လာတဲ့အချိန် ထိထိရောက်ရောက်မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့လို့ စစ်ကောင်စီတပ်သား အတုန်းအရုန်း သေဆုံးခဲ့ပီး စစ်သားတွေ ထိခိုက်ဒဏ်ရာရှိမှုတွေများတယ်။အလောင်းတွေ ဒရွတ်တိုက်ဆွဲယူတာတွေမြင်ရတယ်။ နယ်မြေရှင်လင်းဖို့လုပ်နေတုန်း ၁၂၁ တပ်နဲ့ ထိပ်တိုက် ထပ်မံဖြစ်ပွားလို့ လက်နက်တွေ သိမ်းဖို့ အခွင့်မသာခဲ့ဘူး" လို့ မြို့လှ KPDF တပ်ဖွဲ့မှ ရဲဘော်တဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ စစ်ကောင်စီအင်အား ၈၂ ဦးပါ စစ်ကောင်စီ ခမရ ၄၁၅ တပ်သည် ရွှေငြိမ်းချမ်းရွာဘက်မှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်း ဆင်းလာစဥ် တပ်ခွဲမှူး မိုးကြိုးဦးဆောင်သည့်တပ်ခွဲ (၁)  မြို့လှ KPDF တပ်မှ မိုင်း (၈) လုံးဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ စစ်တပ်ကအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့လှKPDF မှတပ်ဖွဲ့ဝင်တဦးကပြောသည်။

ထို့ပြင် မြို့လှ KPDF တပ်မှ နယ်မြေရှင်းလင်းမှုဆောင်ရွက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၂၁ တပ်မှ စစ်ကူရောက်ရှိလာပြီး ၄င်းစစ်ကောင်စီတပ်နှင့် မြို့လှ KPDF တပ်တို့ ထပ်မံထိတွေ့တိုက်ပွဲများ တနေကုန်နီးပါး ဖြစ်ပွားခဲ့ပါသေးသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင်လည်း ပန်ခေါန်ယာန်ကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များ အင်အားအချို့ ဆုတ်ခွာသွားခဲ့ကြောင်း မြို့လှ KPDF ထံကသိရသည်။


Ayeyarwaddy Times

ကျောက်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅၀ ဦးထက်မနည်းသေဆုံးပြီးအလောင်းများကို ဒရွတ်တိုက်ဆွဲယူသွား ကျောက်ကြီးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရလို့ ၅၀ ဦးထက်မနည်းသေဆုံးပြီးအလောင်းများကို ဒရွတ်တိုက်ဆွဲယူသွား Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.