ပေါက်၊ ဇွန် ၇၊ ၂၀၂၂။
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကိုင်းလယ်ရဲစခန်းကို ဒီကနေ့မနက်ပိုင်း PDF မဟာမိတ်တွေ စခန်းသိမ်းတိုက်ပွဲပြုလုပ်ခဲ့ချိန်မှာ ရဲတပ်သားတဦး အရှင်ဖမ်းမိခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။
မနေ့ကညပိုင်းမှာကတည်းက ရဲစခန်းနားမှာ နေရာယူထားကြပြီး မနက်ပိုင်းမှာ PDF ၃ ဖွဲ့ပေါင်းကာ ရဲစခန်းကို ဝင်သိမ်းခဲ့ကြတာဖြစ်တယ်လို့ Swallow PDF-Magway ဗိုလ်ပျံလွှားက မြေလတ်အသံကို ပြောပါတယ်။
"မနက် ၆ နာရီခွဲ ၇ နာရီလောက်မှာစသိမ်းဖြစ်တာ၊ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတော့အများကြီးမရှိဘူးဗျ၊ 79 ဗုံးသီး ၁၀ လုံးတော့ သိမ်းဆည်းရခဲ့တယ်ဗျ။ ဆိုင်ကယ်တွေလည်းသိမ်းဆည်းရခဲတယ်ဗျ။ သူတို့အရှင်တယောက်တော့ဖမ်းမိတယ်ဗျ။ ရဲတပ်သားထဲကအရှင်တယောက်ဖမ်းမိတာပေါ့" လို့ ပြောပါတယ်။
အဲ့ဒီကိုင်းလယ်ရဲစခန်းမှာ အင်အား ၂၀ဝန်းကျင်ရှိပြီး စခန်းသိမ်းချိန်မှာ စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၅ဦးကျော် ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြောပါတယ်။
"ထွက်ပြေးကုန်တယ်ဗျ။ ရဲစခန်းမှူးနာမည်က ရာဇူးမောင်တဲ့၊ သူကထွက်ပြေးတာ ဘယ်ရောက်သွားလဲဆိုတော့ သီးခြောက်ရွာ ရောက်သွားတယ်။ ကိုင်းလယ်ရဲ့ ချောင်းတဖက်ကမ်းပေါ့ဗျာ ဖမ်းမိတဲ့သူက ရဲတပ်သားပဲ မိုင်းနဲ့တွဲဖက် ရဲစခန်းမှာ လာနေတာလေ ဒီကောင်က" လို့ ဗိုလ်ပျံလွှားက ပြောပါတယ်။
စခန်းသိမ်းပြီးနောက်ပိုင်းမှာ ရဲစခန်းကို မီးရှို့ခဲ့ပြီး စစ်ကောင်ဘက်ကလည်း စခန်းသိမ်းခံရလို့ စစ်ကူလာဖို့ ပြင်ဆင်ပြီး ချီတက်လာသလို အနီးနားရွာတွေက ပျူစောထီးတွေလည်း လာခဲ့ကြတယ်လို့ ပြောပါတယ်။
ဒီနေ့မနက် ပေါက်မြို့နယ် တောင်ပိုင်းက ကိုင်းလယ်ရဲစခန်းကို ဝင်းသိမ်းခဲ့တာကတော့ YRF ၊ SLLDF ၊ YDF 9 ၊ YDF 10 ၊ SPGF ၊ CAF-SPUPDF ၊ PPC နဲ့ ဘာမထီ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment