မန္တလေး၊ ဇွန် ၆
မန္တလေးမြို့တွင် စစ်အုပ်စုက နေအိမ်များကို မတရားဖျက်ဆီးနေသည့် ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်း ရပ်ကွက်၊ ရဲဘော်ကွက်သစ်မှ အုပ်ချုပ်ရေးမှူး ယနေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ရဲဘော်ကွက်သစ်၊ ကွက်စိပ် (၉) ၊ ၇၈ လမ်းနှင့် မင်္ဂလာလမ်းထောင့်တွင် နေ ထိုင်သည့် အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးသည် သားဖြစ်သူနှင့်အတူ အကြော်ရောင်း ချနေစဥ် ယနေ့ နံနက် ၆ နာရီခန့် က ပစ် ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
"အမျိုးသားနဲ့အမျိုးသမီးနှစ်ယောက် အမျိုးသမီးကပစ်သွားတာ။ အခု အဲဒီဘေးနားက ဓာတ်တိုင်အောက်မှာ ကျူး ကျော်နေတဲ့ လင်မယားဆိုပြီး စွပ်ဆွဲပြီး လိုက်ရှာနေကြတာ။ ဖမ်းမိသွားလားတော့မသိသေးဘူး "ဟု ဒေသခံတစ်ဦး က လူငယ့်ခေတ်သို့ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်သွားသူများမှာ မည်သည့်အဖွဲ့က ဖြစ်ကြောင်းကို လက်ရှိအချိန်ထိ မသိရသေးပါ။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းစိုး၏ ညာဘက်ရင်အုံ၊ ဝမ်းဗိုက်နှင့် ညာဘက်နံကြားတို့ကို တစ်ချက်စီ ကျည်ဖောက်ဝင်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကာ စစ်အုပ်စုရောက်လာသည့်နောက် အလောင်းကို ဆေးရုံကြီးသို့ သယ်သွားကြောင်း သိရသည်။
ဦးစိုးသိန်းသည် ကြံ့ခိုင်ရေးပါတီ ရပ်ကျေးဥက္ကဌတစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
Lu Nge Khit
No comments:
Post a Comment