တန့်ဆည်မှာ စစ်တပ်နဲ့ပျူစောထီးတွေက ကျေးရွာတရွာကို မီးရိူ့ပြန်


တန့်ဆည်၊ ဇွန် ၁၊ ၂၀၂၂။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အတွင်းမှာ စစ်တပ်နဲ့ ပျူစောထီးတွေက နေ့စဥ်ဆိုသလို နေအိမ်တွေကို မီးရိူ့နေရာ ဇွန်လ ၁ ရက် ဒီနေ့မှာလည်း ရွာရှည်ကျေးရွာက နေအိမ်တွေကို မီးရိူ့ခဲ့တယ်လို့ သိရပါတယ်။

ရွာပြင်က လက်နက်ကြီးတွေနဲ့ ပစ်ကာ အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ ကျေးရွာကိုစစ်တပ်က မီးရိူ့တာဖြစ်ပါတယ်။

"ညနေ ၄ နာရီ ခွဲလောက်ကစပြီး မီးရိူ့တာ သူတို့က ရွာထဲကိုဝင်တာ မကြာသေးဘူးမှာ  ရွာအပြင်ကနေ လက်နက်ကြီးနဲ့ အရင်ထုနေတာ စစ်ကောင်စီက အင်အားက ၂၀၀ လောက်ရှိပါတယ်" လို့  တန့်ဆည် ဒေသခံတဦးကပြောပါတယ်။

လက်ရှိမှာ  စစ်ကောင်စီတွေဟာ ကျေးရွာထဲမှာ ရှိနေတာကြောင့် ရွာသားတွေ မပြန်ရဲကြသလို မီးရိူ့ခံရတဲ့ အိမ်ခြေစာရင်းကိုလည်း မသိရှိရပါဘူး။ ပြီးခဲ့တဲ့ရက်တွေကလည်း စစ်ကောင်စီဟာ အဲဒီမြို့နယ်ထဲက အောင်ချမ်းသာ၊ ကျွန်းတော၊ မြောက်အင်း စတဲ့ ကျေးရွာတွေနဲ့ အခြားကျေးရွာတွေကိုလည်း မီးရိူ့ခဲ့ပါသေးတယ်။


မြေလတ်အသံ - Myaelatt Athan 

တန့်ဆည်မှာ စစ်တပ်နဲ့ပျူစောထီးတွေက ကျေးရွာတရွာကို မီးရိူ့ပြန် တန့်ဆည်မှာ  စစ်တပ်နဲ့ပျူစောထီးတွေက ကျေးရွာတရွာကို မီးရိူ့ပြန် Reviewed by THITHTOOLWIN on 05:25 Rating: 5

No comments:

Powered by Blogger.