ဓာတ်ပုံ - Dawei Watch |
တနင်္သာရီတိုင်းမ် ၊ ဇွန် ၈
လောင်းလုံးမြို့နယ်၊ ဟင်းချိုတောကျေးရွာက ဒလန်လို့နာမည်ကြီးတဲ့အမျိုးသမီးတစ်ဦး မနေ့ကနေ့လည်ပိုင်းမှာသေနတ်နဲ့ ပစ်ခံလိုက်ရပြီး သေဆုံးသွားတယ်လို့ ရွာခံတွေထံကနေ သိရပါတယ်။
ပစ်ခတ်ခံရသူဟာ အသက် ၅၀ ဝန်းကျင်အရွယ် ဒေါ်စန်းယုဆိုသူဖြစ်ပြီး သံလျှင်ကျေးရွာကလမ်းပေါ်မှာ သေနတ်နဲ့ မနေ့က ပစ်ခံလိုက်ရတာပါ။
ပစ်ခတ်ခံရတဲ့ဒဏ်ရာပြင်းထန်လို့ ဆေးရုံမှာအရေးပေါ်ကုသနေချိန် ဒီနေ့မနက်ပိုင်းမှာ သေဆုံးသွားတာလို့ ဒေသခံတွေဆိုပါတယ်။
"သူကရွာမှာ နာမည်ကြီးသတင်းပေးပါ။ စစ်သားတွေ ရဲတွေနဲ့အမြဲဆက်သွယ်နေတယ်။ ရွာထဲမှာဘာဖြစ်နေတယ်၊ ဘယ်သူတွေလာနေတယ်ဆိုတာ အကုန်လုံးသတင်းပို့တယ် " လို့ဒေသခံတစ်ဦးကပြောပါတယ်။
ဒေါ်စန်းယုကို ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာကိုတော့မသိရသေးပါဘူး။
သူပစ်ခတ်ခံရပြီးနောက် ညနေပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ ကား ၄စီးနဲ့ အင်အားအပြည့်ရောက်လာပြီး ၁စီးကတော့ သံလျှင်ရွာထဲဝင်လာကာ ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် ကုန်ကားတစ်စီးကိုလည်းစစ်ကားတွေက ဖမ်းဆီးသွားခဲ့ပြီး ရွာကအပြန်လမ်းတလျှောက်ရမ်းသမ်းပစ်ခတ်တာတွေကိုပြုလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။
The Tanintharyi Times
No comments:
Post a Comment