အင်းစိန်ထောင်အတွင်း နိုင်ငံရေး အကျဉ်းသား ၁၁ ဦး အစာငတ်ခံ ဆန္ဒပြသဖြင့် ရိုက်နှက်ပြီး တိုက်ပိတ်ခြင်းခံထားရ
ဇွန်လ ၁၃ ရက်၊ ၂ဝ၂၂ ခုနှစ်။
ယနေ့နေ့လည်ပိုင်းမှစတင်ပြီး ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသား ၁၁ ဦးမှ အစာငတ်ခံ ဆန္ဒပြနေကြောင်း အင်းစိန်ထောင်၏ အကျဉ်းဦးစီးဌာန ဝန်ထမ်းအသိုင်းအဝိုင်းမှ သိရသည်။
ထိုကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေသည့် အကျဉ်းသားများကို အကျဉ်းဦးစီးဌာန၏ စစ်တပ်ဘက်မှ ဝင်ရောက်လာသည့် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက ရိုက်နှက်ကာ ယနေ့ညနေတွင် တိုက်ပိတ်ထားလိုက်ကြောင်း သိရသည်။
မည်သည့်ကိစ္စအတွက် အစာငတ်ခံဆန္ဒပြနေသည်၊ မည်ကဲ့သို့ ဆက်လက်ဖြစ်နေသည်ကို ဧရာဝတီတိုင်းမ်အနေဖြင့် ဆက်လက်စုံစမ်းလျှက်ရှိပြီး အဆိုပါ အစာငတ်ခံ ဆန္ဒပြနေသည့် အကျဉ်းသားများသည် မည်သူများဖြစ်သူများဖြစ်သည်ကို တိတိကျကျ မသိရသေးပေ။
အကျဉ်းထောင်အတွင်း ထောင်တွင်းအကျဉ်းသားများ၏ အခွင့်အရေးနှင့် ပက်သက်ပြီး အစာငတ်ခံ ဆန္ဒပြခြင်းသည် အမြင့်ဆုံးအဆင့် တောင်းဆိုမှုဖြစ်သည်။
အင်းစိန်ထောင်အတွင်း ချုပ်နှောင်ထားသည့် လက်တလော နိုင်ငံတကာမှ အထူးစိတ်ဝင်စားနေကြသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည့် ကိုဂျင်မီနှင့် လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ပေးခံရမှုနှင့်ပက်သက်ပြီး ပြည်တွင်းပြည်ပမှ ဖိအားများနှင့် အကျဉ်းဦးစီးဌာနတွင်း ရင်ဆိုင်နေရသည်။
Ayeyarwaddy Times
No comments:
Post a Comment