ဇွန် ၁၅၊ ၂၀၂၂။
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းနယ်မြေရဲစခန်းက ဂတ်(စ်)စာရေးတပ်ကြပ်ကြီးထွန်းထွန်းနိုင် သေနတ်နဲ့ ၅ ချက်ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇွန်လ ၁၅ ရက်၊ နေ့လည် ၁ နာရီခန့်က ကျောက်တံခါးမြို့အဝင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး နေရာမှာတင် ပွဲခြင်းပြီးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
"ဂတ်စာရေးတာဝန်ယူထားသူပါ၊ ကျောက်တံခါးမြို့အဝင်ဆိုင်းပုဒ်ရှေ့နားမှာ လုပ်ခဲ့တာပါ။ နာမည်ဆိုးရှိတယ် ပြည်သူတွေဆီက မတရားငွေညှစ်ငွေယူတာ" လို့ ပဲခူးခရိုင် PDF တာဝန်ရှိသူတဦးကပြောပါတယ်။
အဲဒီလှုပ်ရှားမှုကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၂ မှ ဗိုလ်ကျောက်ခဲဦးဆောင်တဲ့ မြို့ပြပြောက်ကျားအဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ဦးခေါင်းကျည်ဆန် ၁ ချက်နဲ့ ရင်ဘတ် ၄ ချက်ထိမှန်ခဲ့တယ်လို့ ပြောပါတယ်။
အလားတူ ဇွန်လ ၁၁ ရက်နေ့ကလည်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ ရွှေတန်းမြေ အဖွဲ့မှ လက်ပံတန်းမြို့နယ် ကျွန်းကလေးတာဆုံ အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေအား ပစ်ခတ်ရှင်းလင်းခဲ့ကာ ပဲခူးတိုင်း PDF တပ်ရင်းများအနေနဲ့ အာဏာသိမ်းအကြမ်းဖက်အဖွဲ့များနဲ့ ၎င်းတို့ရဲ့ ဒေါက်တိုင်များကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။
မြေလတ်အသံ - Myaelatt Athan
No comments:
Post a Comment