စစ်ကောင်စီတပ်နှင့် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး

ပုံ - ကျဆုံးသွားသော တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုရှမ်း

တမူး - ဇွန် ၉၊ ၂၀၂၂။

ခရစ်ယာန်ဘုရားကျောင်းကို အကာအကွယ်ယူထားသော စစ်ကောင်စီစစ်ကြောင်းကို ယမန့်နေ့ နံနက် ၁၀ နာရီခန့်က တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။ 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်သို့ ကား ၁၁ စီး လူအင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရန်လင်းဖိုင်ကျေးရွာနှင့် နန်မွန်းတားကျေးရွာကြားတွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃ မှာ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။ 

“ရွာထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းထုတယ် ရွာထဲက ပစ္စည်းတွေ လမ်းသွားနေတဲ့ ပြည်သူတွေကို ဓားစာခံလုပ်တယ်။ တိုက်ပွဲကတော့မနေ့က တစ်နေကုန်ဖြစ်တာပေါ့။ ပြီးကျရင် သူတို့က ကက်သလစ်ဘုရားကျောင်းကို ကာဘာလုပ်ပြီးလက်နက်ကြီးတွေနဲ့ ထုတာ ဘုရားကျောင်းတော်တော်လေးပျက်စီးသွားတယ် မှန်တွေအကုန်လုံးကွဲတယ် အထဲမှာ ပျက်စီးတဲ့ဟာတွေလည်းအများကြီးပဲ” ဟုဆိုသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးမှာ လည်ပင်းတွင် သေနတ်ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း သူက ဆိုသည်။ 

“ာဆိုင်ကယ်တွေနဲ့ ဖြတ်လာတဲ့ ပြည်သူတွေကို တားတားပြီးတော့ ပြည်သူတွေကို ကာဗာလုပ်ပြီးတော့ ပစ်တာပေါ့။အဲ့ချိန်မှာ ကျွန်တော့်ရဲဘော်က ပြည်သူတွေကို ကာထားတဲ့ချိန် သူကမပစ်ဘဲနဲ့ သူပဲအသေခံလိုက်တာပေါ့။ အဲ့လိုမျိုး။ ဓားစာခံတွေကတော့ ဘာမဖြစ်ဘူးပေါ့နော်” ဟု သူဆိုသည်။ 

ကျဆုံးသွားသော ရဲဘော်သည် အသက် ၄၀ ခန့် ကိုရှမ်း(တော်လှန်ရေးနာမည်)ဖြစ်ပြီး ကလေးသုံးယောက်၏ ဖခင် ဖြစ်ကာ အာဏာသိမ်းပြီးကတည်းက တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော ရဲဘော်တစ်ဦးဖြစ်သဖြင့် တပ်ဖွဲ့ဝင်များ၏လေးစားခြင်းခံရသူတစ်ဦးဖြစ်ကြောင်း သူက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သော ရန်လင်းဖိုင်ကျေးရွာနှင့် နန်မွန်းတားကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကကက်သလစ် ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲထားကာ လက်နက်ကြီးများဖြင့် ရန်လင်းဖိုင်ကျေးရွာထဲကို ပစ်ခတ်သောကြောင့် ဘုရားကျောင်းနှင့် လူနေအိမ်များ ပျက်စီးသွားခဲ့ကြောင်းသိရသည်။

လွန်ခဲ့သော သုံးရက် (ဇွန်လ ၇ ရက်နေ့)ကလည်း တမူးပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃ နှင့် စစ်ကောင်စီစစ်ကြောင်း အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့ကြောင်းသိရသည်။


The 74 Media

စစ်ကောင်စီတပ်နှင့် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး စစ်ကောင်စီတပ်နှင့် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား ၁၀ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံး Reviewed by THITHTOOLWIN on 18:10 Rating: 5

No comments:

Powered by Blogger.