မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း လှည့်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက်


ဇွန် - ၈

စစ်ကိုင်းတိုင်း မုံရွာမြို့အနီး ချင်းတွင်းမြစ်ကြောင်းတလျှောက် လှည့်လည်ပြီး ရေယာဉ်အချင်းချင်း လက်နက်ပြကာ အနိုင်ကျင့်ငွေညှစ် သောင်းကျန်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဖလက်(ရေယာဉ်)ကို ဒီကနေ့ ညနေပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် တပ်ရင်း(၃)က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇွန်(၈)ရက် ညနေ(၅)နာရီမှာ ချင်းတွင်းမြစ်အတိုင်း လှည့်မွှေသောင်းကျန်းပြီး တောင်ဘက်ခြမ်းကနေ မုံရွာမြို့ဘက် ပြန်ဝင်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ကင်းထောက်ရေယာဉ် ဖလတ်ခွံတစ်စီးကို မုံရွာခရိုင်တပ်ရင်း(၃)- Lightning People Defence Force က တဖက်ပွင့် ပြောင်းတိုက်တွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ထိထိမိမိ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

“ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်များ ထိခိုက် ဒါဏ်ရာရရှိမှုကို စုံစမ်းနေဆဲဖြစ်ပါသည်” လို့  မုံရွာခရိုင် တပ်ရင်း(၃)က ဖော်ပြပါတယ်။

တချိန်တည်းမှာပဲ ဒီကနေ့ ဇွန်(၈)ရက် ညနေပိုင်းမှာ ချင်းတွင်မြစ်ကြောင်းအတိုင်း တောင်မှမြောက်သို့ ဆန်တတ်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ အမြန်ရေယာဉ်တစ်စီးကို မုံရွာ(ပ.က.ဖ) နှင့် သွေးသောက်သစ္စာ (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့က တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက် စစ်အုပ်စုဟာ စစ်ကိုင်းတိုင်းထဲ ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်း စတဲ့ နည်းမျိုးစုံသုံးကာ ဒေသခံပြည်သူတွေကို အနိုင်ကျင့် ဖိနှိပ် အကြမ်းဖက် နေတာ ဖြစ်ပါတယ်။


Mandalay Free Press - MFP

မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း လှည့်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက် မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း လှည့်မွှေသောင်းကျန်းနေတဲ့ စစ်အုပ်စုရဲ့ ရေယာဉ်ကို ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.