ဇွန်လ ၁၅ ရက်
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၇၀ ရပ် ကွက်မှာ သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ လူမိုက်တဦး ဒီကနေ့ မနက်အစောပိုင်း ၈ နာရီဝန်းကျင်မှာ သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
သေဆုံးသူဟာ ၆၉ ရပ်ကွက်မှာနေထိုင်တဲ့ ဘိုမင်းသူ ဆိုသူဖြစ်ပြီး ၇၀ ရပ်ကွက် အောင်ချမ်းသာ ၂ လမ်းနဲ့နဝဒေးကျောင်းလမ်းထောင့်မှာ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။
'' သူက ၆၉ ရပ်ကွက်မှာနေတာ။ ခလေးကျောင်းပို့သွားပြီးပြန်လာတုန်း ၇၀ ထဲမှာပစ်သတ်ခံရတာ။ သူက တောင်ဒဂုံလူမိုက်တဦးဘဲ။ ဆိုင်ကယ်လမ်းတောင်းလို့ဘေးကပ်ပေးနေတုန်း နားထင်ကိုတေ့ပစ်သွားတာ။ နေရာမှာဘဲတန်းသေတယ်'' လို့ တောင်ဒဂုံမြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
အဲ့ဒီ ဘိုမင်းသူဆိုသူဟာ ပျူစောထီးခေါင်းဆောင် သွေး သောက်အဖွဲ့ဝင်တဦးဖြစ်ပြီး ပြည်သူလူထုရဲ့ တိုင်တန်း ချက်အရ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ရန်ကုန် UG UMTR အဖွဲ့ကထုတ်ပြန်ထားပါတယ်။
တောင်ဒဂုံမြို့နယ်မှာ အခုလအတွင်းမှာဘဲ ၁၀၆ ရပ်ကွက်နဲ့ ၅၅ ရပ်ကွက်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးသတင်းပေးတွေဆက်တိုက်ဆိုသလို ရှင်းလင်းခံခဲ့ရပါသေးတယ်။
Ayeyarwaddy Times
No comments:
Post a Comment